DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးကြောင့် ပြည်နယ်နယ်နှင့်တိုင်းအချို့ ပျက်စီးဆုံးရှုံးမှုများ ရှိ
DVB
·
July 14, 2018
သဘာဝဘေးကြောင့် ပြည်နယ်နယ်နှင့်တိုင်းအချို့ ပျက်စီးဆုံးရှုံးမှုများ ရှိ
Donate to DVB

မိုးရွာသွန်းတာ၊ လေပြင်းတိုက်တာနဲ့ မြစ်ရေတက်တာတွေကြောင့် ပြည်နယ်နဲ့ တိုင်းတချို့မှာ ပျက်စီး ဆုံးရှုံးတာတွေ ရှိခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မနေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်မှာ သစ်ပင်လဲကျပိမိလို့ ဓာတ်ကြိုးတွေ ပြုတ်ကျ ပျက်စီးပြီး စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တာဝိုင်းရွာမှာတော့ ဧရာဝတီမြစ်ရေဝင်လို့ မူလတန်းကျောင်း တကျောင်းကို ခဏ ပိတ်ထားခဲ့ရသလို ကျွဲ နွား အကောင် ၁၀၀ လောက်ကိုလည်း မြင်းမူမြို့နယ်၊ ကံဖျားရွာကို ပြောင်းရွှေ့ခဲ့ရပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကျောက်ရပ်ရွာနဲ့ ရှမ္မတွင်းရွာကြား လမ်းမပေါ်က နေရာ ၃ ခုလောက်မှာ ရေ အမြင့် ၄ ပေလောက်အထိ ကျော်နေလို့ ကားတွေ သွားလို့မရဘဲ စာသင်ကျောင်း ၂ ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ကျွဲတဲကုန်းရွာမှာတော့ သစ်ပင်လဲကျလို့ အိမ်တလုံး ပြိုကျပြီး အိမ်ရှင်ဖြစ်သူ ဒဏ်ရာရခဲ့ပါတယ်။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ဆည်သည်(တောင်) ရွာမှာ လွန်ခဲ့တဲ့ ၃ နှစ်က ဆောက်ခဲ့တဲ့ အုတ်နံကပ် ကျေးလက်ကျန်းမာရေးဌာနခွဲဟာ ဧရာဝတီမြစ်ကမ်းပါးနဲ့ ၃ ပေလောက်ပဲ ကွာတော့တာကြောင့် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရပါတယ်။

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ကုလားမချောင်ရွာမှာလည်း မြစ်ကမ်းပါးပြိုတာကြောင့် ကမ်းနဲ့နီးတဲ့ အိမ် ၇ လုံးကို ဖျက်ပြီး ပြောင်းရွှေ့ခဲ့ရပါတယ်။

ဒါ့အပြင် မော်လမြို့ကျွန်းမြို့နယ်၊ ကွမ်းခြံချောင်းရွာမှာ လေပြင်းတိုက်လို့ အိမ်တလုံး ပျက်စီးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013