DVB Logo
Home
မြန်မာသတင်း
ဝန်​ထမ်း​လေးဦးအား ပါးရိုက်​ခဲ့သည့် လုံခြုံ​ရေးအရာရှိကို အရေးယူပေးရန် တိုင်ကြား
DVB
·
July 14, 2018
ဝန်​ထမ်း​လေးဦးအား ပါးရိုက်​ခဲ့သည့် လုံခြုံ​ရေးအရာရှိကို အရေးယူပေးရန် တိုင်ကြား
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး မန်း​ရေနံ​မြေမှာ ဝန်​ထမ်း​ ၄ ဦးကို ပါးရိုက်​ခဲ့တဲ့ လုံခြုံ​ရေးအရာရှိကို အ​ရေးယူ​ပေးဖို့ နိုင်​ငံ​တော်​အတိုင်​ပင်​ခံ၊ သမ္မကြီးနဲ့ တိုင်း​ဒေသကြီးအစိုးရ ဝန်​ကြီးဌာနနဲ့ ​ရေနံ​မြေတာဝန်​ရှိသူတွေထံ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က တိုင်​ကြားစာ ပေးပို့လိုက်​​ကြောင်း အဖွဲ့အစည်းတာန်​ရှိသူတဦးက ပြောပါတယ်။

ဒီနေ့ ရက်​စွဲနဲ့ တိုင်​ကြားစာ​ပေါင်း ၁၅ ​စောင် ပေးပို့လိုက်​​ကြောင်း ​ရွှေရည်​​မြေလတ်​ ​ရေနံ​မြေ အလုပ်​သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ဦး​လေးနိုင်​က ပြောပါတယ်။

“အခုက တိုင်စာပို့ရတာ ဆိုဒ်​က နှစ်​ခုဗျ။ ​ရေနံနဲ့​ပတ်​သက်​တဲ့ ဌာန​တွေရယ်​၊ အစိုးရဌာန​တွေရယ်​ နှစ်​ခုသွား​နေရတယ်​။ ဖြစ်​စဉ်​သ​ဘောအရဆိုရင်​ ​ရေနံနဲ့သက်​ဆိုင်​တဲ့ ဝန်​ကြီးဌာနကပဲ တိုင်​ကြား​ဖြေရှင်း​ပေးသင့်​တာ၊ အခုလိုရိုက်​တဲ့ အရာရှိက စစ်​တပ်​က​နေ အရပ်​ဘက်​​ပြောင်းလာတဲ့ အရာတန်းဖြစ်​​နေတာရယ်​၊ ကျနော်တို့ ဝန်​ကြီးဌာန​တွေမှာ လက်​ရှိ ဦး​ဆောင်​ညွှန်​ကြား​ရေးမှူးတို့ ညွှန်​ကြား​ရေးမှူးတို့ကလည်း အခုလိုပဲ စစ်​ဘက်​ဆိုင်​ရာက​နေပဲ ပြောင်းလာတဲ့ လူ​တွေဖြစ်​​နေတာဆို​တော့ ထိ​ရောက်​တဲ့ အ​ရေးယူမှု တကယ်​ရှိပါမလားဆိုတာရယ်​။ အခုကျူးလွန်​တဲ့ အရာတန်း ဦးဝင်းနိုင်​ချိုဟာလည်း ​ကျောက်​ခွက်​၊ လက်​ပံတို​ရေနံ​မြေမှာ တာဝန်​ကျစဉ်​က စာ​ရေး ဝန်​ထမ်းတယောက်​ကို တ​ကြိမ်​၊​ ထောက်​ရှာပင်​ ​ရေနံ​မြေမှာလည်း ​ရေနံထုတ်​လုပ်​​ရေး ဝန်​ထမ်းတဦးကို တ​ကြီမ်​ အခုလို ရိုက်​ခဲ့တာ​တွေ ရှိ​နေ​တော့၊ ကျနော့်အ​တွေးအရ သူဟာ အ​ရေးယူမခံခဲ့ရဘူးလား။ ဒီတ​ခါ​ကော အဲလိုထပ်​ဖြစ်​ဦးမှာလား၊ ထိ​ရောက်​တဲ့ အပြစ်​​ပေးခြင်းဖြစ်​မှာလား ဆိုတာ​တွေ​ကြောင့်​ နိုင်​ငံ​တော်​အတိုင်​ပင်​ခံနဲ့ သမ္မတ​တွေအထိပါ တိုင်​ကြားရတဲ့ အ​ခြေ​နေ​တွေ ဖြစ်​လာတာပါ” လို့ ပြောပါတယ်။

မန်း​ရေနံမှ နစ်​နာသူ ဝန်​ထမ်း​လေးဦး ရှိ​ပေမယ့် နှစ်​ဦးသာ တိုင်​ကြားအကူညီ ​တောင်းခံရတာဟာ ကျန်​နှစ်​ဦးက ယာယီ ​နေ့စားဝန်​ထမ်းတွေ ဖြစ်​​နေလို့ အ​ကြောက်​တရား စိုးရိမ်​စိတ်​​တွေ ရှိ​နေလို့ မတိုင်​ကြားတာလို့ ဆိုပါတယ်။

ဇွန်​လ ၃ဝ ရက်​ ည​က​ မန်း​ရေနံထုတ်​လုပ်​​ရေးဌာနမှ ဝန်​ထမ်း ၁ ဦးနဲ့ လုံခြုံ​ရေးဌာန ဝန်​ထမ်း ၃ ဦးတို့ကို မန်း​ရေနံ​မြေလုံခြုံ​ရေးအရာရှိတဦးက ပါးရိုက်ခဲ့တဲ့အတွက် ဝန်​ထမ်းတွေရဲ့ လူ့ဂုဏ်​သိက္ခာကျဆင်း​စေပြီး စိတ်​ပိုင်းဆိုင်​ရာ ထိခိုက်ခဲ့တာကြောင့် မန်းရေနံမြေ ဇူလိုင်​က ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အစည်းအဝေး ဆုံးဖြတ်ချက်​အရ သမဂ္ဂအားလုံးက ကန့်​ကွက်​ရှုတ်ချ​ကြောင်း ထုတ်​ပြန်​ချက်​တွေကိုလည်း ဇူလိုင်​ ၉ ရက်​​နေ့က ​ရေနံ​မြေ သမဂ္ဂအဖွဲ့အစည်း အသီးသီးက ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013