DVB Logo
Home
မြန်မာသတင်း
ရွှေတူးဖော်ရေး ရပ်ဆိုင်းထားသဖြင့် ရွှေလုပ်သားများ စားဝတ်နေရေး အခက်အခဲဖြစ်နေ
DVB
·
July 14, 2018
ရွှေတူးဖော်ရေး ရပ်ဆိုင်းထားသဖြင့် ရွှေလုပ်သားများ စားဝတ်နေရေး အခက်အခဲဖြစ်နေ
Donate to DVB

စဥ့်ကူမြို့နယ်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ရွှေတူးဖော်ရေး ကုမ္ပဏီတွေကို သတ္ထုတွင်း နည်းဥပဒေအသစ် အတည်ပြု မထုတ်ပြန်ချိန်အတွင်း ရွှေတူးဖော်ခွင့်ပိတ်ထားလို့ စဥ့်ကူးမြို့နယ် အတွင်းရှိ ကျည်တောက်ပေါက်၊ နွယ်ရုံ၊ ကံတောင်၊ ဒိုးနွယ်၊ ငါးပြားပေး ကျေးရွာတွေက ရွှေလုပ်သားတွေ အလုပ်လုပ်ကိုင်စရာ မရှိဘဲ စားဝတ်နေရေး အခက်ကြုံနေရပါတယ်။

ကုမ္ပဏီတွေအနေနဲ့ ရွှေတူးဖော်ခွင့် ပိတ်သိမ်းထားတာကြောင့် နားရပေမယ့် မထိခိုက်ပေမယ့် ရွှေတွင်းလုပ် သားတွေအဖို့မှာ တနေ့လုပ်တနေ့စားတွေ ဖြစ်လို့ စားဝတ်နေရေးအတွက် အခက်အခဲတွေ ရှိတယ်လို့ ရွှေလုပ်သားတဦးက  ပြောပါတယ်။

သတ္ထုတွင်းဝန်ကြီးဌာနအနေနဲ့ ရွှေတူးဖော်ခွင့် လိုင်စင်ချထားပေးမည်ဆိုပါက ဒေသခံ တွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ အများပိုင်ကုမ္ပဏီတွေကို တရားဝင်ခွင့်ပြုချက်နဲ့ ဖွဲ့စည်းတည်ထောင်ထားကြပြီးဖြစ်ရာ လိုင်စင်ချပေးမယ်ဆိုရင် အများပိုင်ကုမ္ပဏီတွေကိုသာ ဦးစားပေးပြီး ချထားပေးစေလိုတယ်လို့ ဆိုပါတယ်။

သပိတ်ကျင်း စဥ့်ကူးနယ်မှာ နှစ်နယ်အရပ်ရပ်မှ လာရောက်မှီခို လုပ်ကိုင်နေကြသူဖြစ်ပြီး တချိန်က ရွှေလုပ်သားတွေက ရွှေရှိမယ့်နေရာကို လက်မျောလေးတွေနဲ့ တနိုင်တပိုင် ရှာဖွေနေကြပေမယ့် ချမ်းသာတဲ့ ငွေရှင်ကြေးရှင် ကုမ္ပဏီတွေက သတ္ထုတွင်းဝန်ကြီးဌာနကို တရားဝင်တူးဖော်ခွင့်တင်ကာ လိုင်စင်ရပြီး ရွှေလုပ်ကွက်တွေ လုပ်ကိုင်ကြလို့ မူလရှာဖွေတွေ့ရှိသူ ရွှေလုပ်သားတွေမှာ အလုပ်လက်မဲ့ဖြစ်ခဲ့ကြတယ်လို့ ရွှေလုပ်သားတဦးက ပြောပါတယ်။

ရွှေလုပ်သားတွေ တခြားနေရာ ပြောင်းလဲလုပ်ကြလို့ ရွှေကြောတွေ့ရှိပါကလည်း ထုံးစံအတိုင်း ကုမ္ပဏီတွေကပဲ လက်ဝါးကြီးအုပ် လုယူခဲ့တာကြောင့် ရွာနားမြက် ရွာနွားမစားရ အဖြစ်မျိုး ရောက်ရှိနေကြရသလို ကုမ္ပဏီတွေလည်း ဒေသခံရွှေလုပ်သားတွေကို ဦးစားပေး အလုပ်ခန့်တာ မရှိဘူးလို့ ဆိုပါတယ်။

အစိုးရသစ်လက်ထက်မှာ သဘာဝသယံဇာတကို ခွဲဝေသုံးစွဲရာ ဒေသခံလုပ်သားတွေကိုလည်း အကျိုးခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးစေလိုနေကြပါတယ်။

သပိတ်ကျင်းမြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်က အများပိုင်ကုမ္ပဏီတွေ အလုပ်အကိုင်ရရှိရေးအတွက် ကြိုးစားဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာ ရွှေလုပ်သားတထောင်ကျော်လောက် ကုမ္ပဏီတွေ ပိတ်သိမ်းထားလို့ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး ခက်ခဲလျက်ရှိနေကြပါတယ်။

မင်းခန့်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013