DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးဒဏ်ခံ ဂျပန်နိုင်ငံကို သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်က ဝမ်းနည်းကြောင်း သဝဏ်လွှာပို့
DVB
·
July 14, 2018
သဘာဝဘေးဒဏ်ခံ ဂျပန်နိုင်ငံကို သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်က ဝမ်းနည်းကြောင်း သဝဏ်လွှာပို့
Donate to DVB

သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ဂျပန်နိုင်ငံမှာ သဘာဝဘေး ကျရောက်မှုအတွက် ဝမ်းနည်းစာနာထောက်ထားကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံ အနောက်ပိုင်းဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုဖြစ်စဉ်တွေ ဖြစ်ပွားပြီး လူပေါင်းများစွာ အသက်ဆုံးရှုံးထိခိုက်မှုတွေနဲ့ အိုးအိမ်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့မှုတွေအတွက် သမ္မတ ဦးဝင်းမြင့်က ဂျပန်ဧကရာဇ် အာခီဟီတိုနဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးတို့ထံ ဝမ်းနည်းစာနာထောက်ထားကြောင်း သဝဏ်လွှာတွေ အသီးသီးပေးပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၂ဝဝ ကျော်သွားပြီလို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။ ရေလွှမ်းမိုးရာ ဒေသတွေမှာ လူ ၆ဝ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး ဝန်ထမ်းပေါင်း ၇ဝ,ဝဝဝ ကျော်နဲ့ ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013