DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်များ စိုက်ပျိုးမွေးမြူရေးအတွက် ငွေကြေး အခက်ကြုံ
DVB
·
July 14, 2018
တိုင်းရင်းသားလက်နက်ကိုင်များ စိုက်ပျိုးမွေးမြူရေးအတွက် ငွေကြေး အခက်ကြုံ
Donate to DVB

ငြိမ်းချမ်းရေးရယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ ရေရှည်လုပ်ကိုင်နိုင်ဖို့ နည်းပညာနဲ့ အကူအညီတွေရရှိပေမယ့် ငွေကြေးပံ့ပိုးမှု မရရှိတဲ့အတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေက ဇူလိုင် ၁၃ ရက် မနက် ၁၀ နာရီက ဒီဗွီဘီကို ပြောပါတယ်။

ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ​ငွေချေးရာမှာ မြေပိုင်ဆိုင်မှု လန ၃၀ ဂရမ်မရှိတဲ့အတွက် အခက်အခဲတွေ ရှိတယ်လို့ ဒီကေဘီအေ၊ အမှတ် ၉၀၃ တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောအေ၀မ်းက ပြောပါတယ်။

“ကျနော်က ထပ်စိုက်ဖို့ဆိုတာ ငွေအင်အားလည်း လိုတယ်လေ။ လုပ်ထားတဲ့ဟာ တချို့အပိုင်းလေးတွေမှာ အသီးအနှံ မထွက်သေးတဲ့အတွက်ကြောင့် အခက်အခဲတွေရှိတယ်။ ရင်းရတဲ့ငွေ တနေ့တနေ့ မနည်းဘူးလေ။ ဟိုတလောက ငွေသွားချေးတယ်။ ငွေက ကျနော်တို့လိုချင်တဲ့ အတိုင်းအတာလေးကို အစိုးရသတ်မှတ်တဲ့နှုန်း ပြန်ပေးမယ်။ ထောင်ဂဏန်းနဲ့ အခါကျတော့ ကျနော်တို့က ရိုးရိုးဂရမ်နဲ့ မရတော့ဘူး။ သူတို့က လန ၃၀ ဂရမ် တောင်းတယ်။ ကျနော်တို့က လန ၃၀ ဂရမ်က မရှိဘူး။ အဲဒီအခက်အခဲလေးတွေ ရှိတယ်” လို့ ပြောပါတယ်။

ငွေရေးကြေးရေးက စိုက်ပျိုးရေးမှာ အရေးကြီးဆုံးဖြစ်သလို လက်နက်ကိုင် အဖွဲ့အစည်းတွေက ဖြစ်ဖြစ်မြောက်မြောက်လုပ်ပြရင် ကူညီလာနိုင်တယ်လို့ ကရင်ပြည်နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန နယ်စပ်တာဝန်ခံ၊ ဒုပြည်နယ်ဦးစီးမှူး ဦးကျော်မောင်မောင်က ပြောပါတယ်။

“ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင်တော့ ငွေရေးကြေးရေးက လိုမှာပဲ။ ရင်းနှီးမြှုပ်နှံမှုအရ စိုက်ပျိုးရေးမှာ အရေးကြီးဆုံးပဲ။ အဲအတွက်ကတော့ အစိုးရကလည်း အများကြီး ထောက်ပံ့ပေးထားတာ မရှိဘူး။ ကရင်ပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ဖြစ်ဖြစ်မြောက်မြောက်လုပ်နေပြီးဆိုရင် ဘာပဲပြောပြော ကူညီချင်တဲ့ စိတ်ပေါ်လာမှာပဲ။ လုပ်မပြဘဲနဲ့ ဒီအတိုင်းကြီး တောင်းမယ့်အစား ကိုယ်တိုင်လည်း လုပ်ပြရမယ်။ တတ်နိုင်သလောက်ပေါ့။ တဖြည်းဖြည်းတိုးတက်သွားမယ်ဆိုရင် တိုးတက်မှုက အရင်းခံစားရမှာ” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နဲ့ ABSDF တပ်ဖွဲ့တို့ NCA လက်မှတ်ရေးထိုးထားတာဖြစ်ပြီး KNU၊ KNU/KNLA(PC)၊ DKBA တပ်ဖွဲ့ဝင်တွေက မိသားစုဝင်တွေရဲ့ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အဓိက လုပ်ကိုင်နေကြတာပါ။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ စိုက်ပျိုးရေးလုပ်ကိုင်နိုင်ဖို့ ပြည်နယ်အစိုးရက မြေလွတ်မြေရိုင်းတွေမှာ လုပ်ကိုင်ခွင့် နှစ်ကာလသတ်မှတ်စာချုပ်နဲ့ လုပ်ကိုင်ခွင့်ပြုထားတာရှိသလို့ ဒေသခံတွေဆီကနေတဆင့် မြေ၀ယ်ယူလုပ်ကိုင်တာတွေလည်း ရှိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေမြင့်က ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ငြိမ်းချမ်းရေးဒေသတွေမှာ ဖွံ့ဖြိုးစေလိုပြီး၊ ထိုင်း-မြန်မာနယ်စပ်မှာ စိုက်ပျိုးနေတဲ့ အစေ့ထုတ်ပြောင်း ဈေးကွက်ခိုင်မာအောင်နဲ့ တိရစ္ဆာန်အစာစက်ရုံ ရင်းနှီမြှုပ်နှံဖို့၊ ဒေသ နွားမွေးမြူရေးကို ကျယ်ကျယ်ပြန့်ပြန့် မွေးမြူနိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးစေလိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E Mr.Chugg Daniel Patrick Brindon နဲ့ ဇွန် ၂၈ ရက် မနက် ၁၁ နာရီက ဘားအံမြို့၊ ပြည်ထောင်စုရိပ်သာမှာ တွေ့ဆုံစဉ်က အကူအညီတောင်းခံခဲ့ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013