DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် ထိုင်မသိမ်း ရွှေချည်ထိုး ပညာဒါန အခမဲ့ သင်တန်းဖွင့်
DVB
·
July 14, 2018
အင်းတော်တွင် ထိုင်မသိမ်း ရွှေချည်ထိုး ပညာဒါန အခမဲ့ သင်တန်းဖွင့်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့မှာ ထိုင်မသိမ်း ရွှေချည်ထိုး ပညာဒါန အခမဲ့သင်တန်းကို မြို့မဈေး အနောက်ဘက်တိုက်တန်းမှာ ဇူလိုင် ၁ ရက်နေ့ကနေ သြဂုတ် ၁ ရက်နေ့အထိ စတင်ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

ရွှေချည်ထိုး ပညာဒါန အခမဲ့သင်တန်း ဖြစ်မြောက်ရေး ကူညီပေးသူ ကိုကျော်ကိုစံက “ကျနော်က နှစ်တိုင်းလည်း ဒါမျိုး ပရဟိတလုပ်ငန်းပေါ့နော်။ မိတ်ကပ် ပညာဒါနအခမဲ့သင်တန်း၊ ပန်းအလှပြင် အခမဲ့သင်တန်း နှစ်တိုင်း ဖွင့်ဖြစ်ပါတယ်။ ဒီက ညီမငယ်တွေက ကျနော် ရွှေချည်ထိုးလုပ်ငန်း လုပ်တယ်ဆိုတော့ သူတို့က စိတ်ဝင်စားတယ် သင်ပေးပါဆိုလို့ ကျနော်က ဒီသင်တန်းကို စပြီး ဖွင့်ဖြစ်တာပါ။ မနှစ်က တခါ ဖွင့်တယ်။ ဒီနှစ်က ဒုတိယအကြိမ်ပါ။ ပညာဒါန အခမဲ့သင်တန်းပါ။ ဒီသင်တန်းမှာ သူတို့ လိုအပ်တဲ့ ပစ္စည်းအားလုံးကို ကျနော်ကပဲ တာဝန်ယူပြီး ကူညီပေးပါတယ်။ အမျိုးသမီးရေးရာအဖွဲ့နဲ့ ပူးပေါင်းပြီး လုပ်တာပါ။ ဒီသင်တန်းပြီးရင် ပညာဒါန မိတ်ကပ်အခမဲ့သင်တန်း၊ ပန်းအလှပြင်သင်တန်း ကျနော်တို့ ဖွင့်သွားဦးမှာပါ”လို့ ပြောပါတယ်။

မန္တလေးက လာရောက်ပြီး ရွှေချည်ထိုးပညာ လာရောက် သင်ပေးနေသူ မဖြိုးအိခိုင်က “အခုက သင်တန်းသူ အားလုံးပေါင်း ၂၈ ယောက် ရှိပါတယ်။ ဒါကတော့ ပထမ အသုတ်မှာပါ။ မနှစ်ကလည်း သင်ဖြစ်တယ်။ ဒီလောက် မသိဘူး။ မနှစ်က လူနည်းတယ်။ ဒီနှစ်တော့ အားလုံး ပေါင်းရင် အယောက် ၅၀ ကျော်လောက် ဖြစ်နေပါတယ်။ ၁၅ ရက် တဆိုင်းခွဲပြီးတော့ နှစ်သုတ် သင်ပေးပါတယ်။ ဒီသင်တန်းကနေ ပန်းချီဆွဲတာက အစ ဒီဝတ်စုံမှာ စပြီးထိုးတာ အသေးစိတ်က အစ သင်ပေးပါတယ်။ ဖိနပ်ထိုးတာတို့၊ ပိုက်ဆံအိတ်မှာ ထိုးတာတို့အစ အကုန်သင်ပေးပါတယ်။ သင်တန်းသူလေးတွေ ကိုယ့်အင်္ကျီမှာ ကိုယ်ထိုးတတ်အောင် အသေးစိတ် သင်ပေးထားပါတယ်”လို့ ပြောပါတယ်။

ရွှေချည်ထိုးပညာ လာရောက်သင်ကြားနေသူ အောင်မင်္ဂလာရပ်ကွက်မှ မမီမီခိုင်က “ဒီသင်တန်းဖွင့်တာ အရမ်းကောင်းပါတယ်။ ဖွင့်ပေးတဲ့ ဆရာကျော်ကိုစံ၊ ဆရာဒေါ်ဖြိုးအိခိုင် တို့ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ညီမလေးတွေ အားလုံးလည်း စိတ်မလေတော့ဘူးပေါ့နော်။ ကိုယ်ကိုယ်တိုင်ထိုးတဲ့ ဝတ်စုံလေးနဲ့ ကိုယ် ကိုယ်တိုင် အလှူလှည့်လိုက်မယ်ဆိုရင် အရမ်းကို ဂုဏ်ယူမိမှာပဲပေါ့နော်။ ဒီမှာက ပေါ်ထွက်လာတော့မှာပေါ့နော်။ ဒီဇိုင်းဆန်းလေးတွေနဲ့ သူထိုးတာ တမျိုး၊ ကိုယ်ထိုးတာ တမျိုး လှလှပပလေးတွေနဲ့ပေါ့။ အရမ်းကောင်းပါတယ်”လို့ ပြောပါတယ်။

အင်းတော်မြို့ မြို့မဈေး အနောက်ဘက်တိုက်တန်းတွင် ထိုင်မသိမ်း ရွှေချည်ထိုး ပညာဒါနအခမဲ့ သင်တန်းကို ဇူလိုင် ၁ ရက်နေ့မှ သြဂုတ် ၁ ရက်နေ့အထိ ၁ လကြာ အခမဲ့ ဖွင့်လှစ် သင်ကြားပေးနေတာဖြစ်ပြီး သင်တန်းချိန်ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ နေ့စဉ် ဖွင့်လှစ်သင်ကြားပေးနေတာပါ။ စိတ်ပါဝင်စားသူ အမျိုးသမီး သင်တန်းသား ၅၀ လောက် တက်ရောက်သင်ကြားနေပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013