DVB Logo
Home
မြန်မာသတင်း
ကွယ်လွန်သူ ဂီတပညာရှင် ဦးရဲလွင်အတွက် ဂီတာပုံစံခေါင်းတလား ပြုလုပ်ပေး
DVB
·
July 14, 2018
ကွယ်လွန်သူ ဂီတပညာရှင် ဦးရဲလွင်အတွက် ဂီတာပုံစံခေါင်းတလား ပြုလုပ်ပေး
Donate to DVB

ကွယ်လွန်သူ  ဂီတပညာရှင် တေးရေး ဦးရဲလွင်အတွက် အမေရိကန်နိုင်ငံသား ဂီတပစ္စည်းဒီဇိုင်နာ Matthew Burch က ဂီတာပုံစံ ခေါင်းတလား ပြုလုပ်ပေးခဲ့ပါတယ်။

ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသူတွေကို ပန်းရဲ့လမ်းအဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံအနှံ့ လိုက်လံဖော်ျဖြေ ရန်ပုံငွေ ရှာဖွေခဲ့တဲ့ ဦးရဲလွင်ဟာ ဇူလိုင် ၁၀ ရက် ညနေပိုင်းက အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။

ဦးရဲလွင်ကို ပေါင်းတည်မြို့မှာ မွေးဖွားခဲ့ပြီး စက်မှုတက္ကသိုလ် တက်နေတုန်းမှာပဲ E.Machine တီးဝိုင်းမှာ ဘေ့စ်ဂစ်တာသမားအဖြစ် ပါဝင်ခဲ့ပြီး ၁၉၈၄ ခုနှစ်မှာတော့ အဆိုတော် ခင်မောင်တိုး ပါဝင်တဲ့ မဇ္ဈိမလှိုင်းဂီတအဖွဲ့ ဖွဲ့စည်းစဉ်မှာ ပါဝင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ  “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” အဖွဲ့ကို ဖွဲ့စည်းလို့ နိုင်ငံအနှံ့မှာ ငြိမ်းချမ်းရေးအတွက် တေးသီးချင်းတွေ နယ်လှည့် ဖျော်ဖြေပြီး ရရှိတဲ့ ရန်ပုံငွေတွေနဲ့ ဒုက္ခရောက်နေသူတွေကို ကူညီခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့ပါတယ်။

ဦးရဲလွင်ကို သူ့ရဲ့ အင်းစိန်နေအိမ်ကနေ ရေဝေးသုသာန်ကို ဒီနေ့ နေ့လယ် ၁ နာရီမှာ  ပို့ဆောင်သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - တိုက်ဂါး ဂယ်လာရီ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013