DVB Logo
Home
မြန်မာသတင်း
ပင်လုံညီလာခံပြီးပါက မြောက်ပိုင်း ၇ ဖွဲ့နှင့် အလွတ်သဘော ဆက်တွေ့မည် သမ္မတရုံးပြော
DVB
·
July 14, 2018
ပင်လုံညီလာခံပြီးပါက မြောက်ပိုင်း ၇ ဖွဲ့နှင့် အလွတ်သဘော ဆက်တွေ့မည် သမ္မတရုံးပြော
Donate to DVB

တတိယအကြိမ် ပင်လုံညီလာခံပြီးရင် မြောက်ပိုင်း ၇ ဖွဲ့နဲ့ အလွတ်သဘော တွေ့ဆုံတာတွေ ဆက်လုပ်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဇွန် ၁၃ ရက်နေ့ တတိယအကြိမ် ပင်လုံညီလာခံ တတိယနေ့အစည်းဝေးတွေအပြီး သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောတာပါ။

“ကျနော်တို့က အခုဘာသွားမလဲဆိုရင် ဒီညီလာခံပြီးရင် ဒီအဖွဲ့တွေနဲ့ ဆက်ပြီးတော့ ဆွေးနွေးမယ်။ ဆွေးနွေးမယ့် မူတွေလည်း ကျနော်တို့မှာ ရှိထားတယ်။ အခုအချိန်မှာတော့ အသေးစိတ်ပြောလို့မရဘူး။ ဆွေးနွေးမယ်၊ ဆက်ပြီးဆွေးနွေးမယ်။ တဖက်နဲ့ တဖက် အကျေအလည် နားလည်အောင်၊ ကျနော်တို့ လုပ်နေတာ ဘာအတွက်လုပ်နေတယ်။ သူတို့အတွက် ဝင်လာနိုင်တဲ့ အခင်းအကျင်း ဘယ်လိုဖန်တီးပေးရမလဲ။ နှစ်ဖက်တော့ ပြန်ပြီးညှိနှိုင်းရမှာတွေ ရှိပါတယ်။ ညှိတာ ညှိနှိုင်းရမယ်၊ အဲညှိနှိုင်းတဲ့အပေါ်မှာလည်း အလွတ်သဘော တွေ့ဆုံမှုတွေ၊ တချို့လည်း ထုတ်ပြန်ချင်မှ ထုတ်ပြန်မယ်၊ အလွတ်သဘော တွေ့ဆုံမှုတွေကတော့ ဆက်တိုက်လုပ်သွားမှာဖြစ်ပါတယ်”

၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်း ၇ ဖွဲ့က ကိုယ်စားလှယ်တွေပါ ဝင်ရောက်ဆွေးနွေးနေတာပါ။

နေပြည်တော်မှာ ရောက်ရှိနေတဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင် ၁၂ ရက်ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ တွေ့ဆုံခဲ့ပါတယ်။

၂၁ ရာစု ပင်လုံ တတိယအကြိမ် ညီလာခံကို နေပြည်တော်မှာ ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013