DVB Logo
Home
မြန်မာသတင်း
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ အန်စီအေကို အမြန်ဆုံး လက်မှတ်ထိုးရန် တရုတ် တိုက်တွန်း
DVB
·
July 13, 2018
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ အန်စီအေကို အမြန်ဆုံး လက်မှတ်ထိုးရန် တရုတ် တိုက်တွန်း
Donate to DVB

မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)ကို အမြန်ဆုံးချုပ်ဆိုနိုင်ဖို့ တိုက်တွန်းတယ်လို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်က ပြောပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ တတိယ အစည်းအဝေးကို လေ့လာသူအဖြစ်တက်ရောက်လာတဲ့ တရုတ် အထူးကိုယ်စားလှယ် မစ္စတာ စွန်းကော်ရှန်းက မီဒီယာတွေကို ပြောဆိုတာပါ။

တရုတ်ဘက်ကလည်း ဒီလို အဘက်ဘက် တွေ့ဆုံဆွေးနွေးဖို့အတွက် ဆက်လက်ပြီး တွန်းအားပေးနေပါမယ်။ မြန်မာဘက်ရဲ့ လိုအပ်ချက်အတိုင်း ကျနော်တို့က ဆက်လက်ပြီးတော့ ထောက်ပံ့ပေးသွားပါမယ်။ အန်စီအေကို ရှောင်လို့မရပါဘူး။ အဘက်ဘက်က အန်စီအေစာချုပ်ကို အမြန်ဆုံး ချုပ်ဆိုဖို့အတွက် ကျနော်တို့က တိုက်တွန်းနေပါတယ်။ သက်ဆိုင်ရာ အဘက်ဘက်တွေကတော့ အန်စီအေ စာချုပ် ချုပ်ဆိုဖို့အတွက် တက်ကြွတဲ့ အနေအထား ရှိတယ်လို့ ဖော်ပြထားပါတယ်။  ဒီလမ်းကြောင်းကို ဆက်လက်တိုး တက်လာပါစေလို့ မျှော်လင့်ပါတယ်။”

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေကောင်း အိမ်နီးချင်းနိုင်ငံ ဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့အတွက် အမြဲတမ်း ထောက်ပံ့ကူညီနေတယ် အဘက်ဘက် တွေ့ဆုံဆွေးနွေးဖို့အတွက်  ပေါင်းကူး တံတားကြီးအဖြစ် ကူညီနိုင်တယ်လို့လည်း တရုတ် အထူးကိုယ်စားလှယ်ကပြောပါတယ်။

“ကျနော်တို့က မြန်မာနိုင်ငံ ပိုမိုကောင်းမွန်လာဖို့ပဲ ဆန္ဒရှိပါတယ်။ မြန်မာ တိုင်းရင်းသား ပြည်သူလူထု အပါအဝင် အားလုံးကတော့ ပျော်ရွှင်ကြချင်တာပါပဲ။ ငြိမ်းချမ်းရေးသာ မရရှိဘူးဆိုရင် ဒီငြိမ်းချမ်းမှုအပေါ်မှာ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် တရုတ်ဘက်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့ အစွမ်းကုန် ကူညီလိုက်ပြီးတော့ မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ ငြိမ်းချမ်းရေး ရရှိပြီးတော့ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ရရှိနိုင်ပါတယ်။”

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်နိုင်ငံရဲ့ တိုက်တွန်းကူညီ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ လက်ရှိနေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် အစည်းအ၀းကို တက်ရောက်လာတာပါ။

တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးရဖို့ အတတ်နိုင်ဆုံး တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ ကြိုးစားပေးနေတယ်လို့လည်း  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကလည်း မီဒီယာတွေကို ပြောသွားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံသမ္မတကြီး ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေတဲ့ အကြောင်း ဘယ်နေ့ဘယ်ရက်မှာ လာရောက်မယ်ဆိုတာကိုတော့  သံအမတ်ကြီးက ပြောဆိုခြင်းမရှိဘဲ အမြန်ဆုံး လာရောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

အန်စီအေ အပစ်ရပ်စာချုပ်မှာ လက်မှတ်မရေးထိုးရသေးတဲ့ ၀၊ မိုင်းလား၊ ကိုးကန့်၊ ကချင် စတဲ့ မြောက်ပိုင်း လက်နက်ကိုင် ၇ဖွဲ့ဟာ နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇူလိုင် ၁၂ ရက်က သီးခြားစီ အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၁ ရက်ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၊ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့နဲ့လည်း အဖွဲ့တွေ ခွဲပြီး သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော်ကတော့ အခုအချိန်မှာ အန်စီအေကို လက်မှတ်ထိုးဖို့၊ မထိုးဖို့ဆိုတာ ပြောဖို့ စောပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှပဲ ဆုံးဖြတ်ကြမှာဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် မီဒီယာတွေကို ပြောပါတ်။

မြောက်ပိုင်းလက်နက်ကိုင်မဟာမိတ် ၇ ဖွဲ့မှာ  (UWSA) ‘ဝ’တပ်ဖွဲ့ ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ မိုင်းလားအဖွဲ့(NDAA) ရှမ်းအဖွဲ့ (SSPP)၊ တအာင်း ပလောင်အဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)နဲ့ ရခိုင်အဖွဲ့(AA)တို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013