DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
DVB
·
July 13, 2018
အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
Donate to DVB

နေပြည်တော်မှာ ရောက်ရှိနေတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁၃ ရက် ဒီမနက် ၉ နာရီက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ တွေ့ဆုံပါတယ်။

တွေ့ဆုံရာမှာ  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အချိန်ဇယား ချမှတ်ဆောင်ရွက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့် ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေရေး၊ နည်းလမ်းရှာဖွေနိုင်ဖို့အတွက် အဓိကကျတဲ့ ခေါင်းဆောင်တွေအကြား ပိုမိုနီးကပ်စွာ ရှေ့ဆက် ဆွေးနွေးနိုင်ရေးတို့ကို ဆွေးနွေးကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။

ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ကရင်အမျိုးသားအစည်းအရုံး (KNU)  ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးတပ်မတော်(RCSS)မှ ဦးဘောင်ခေးနဲ့ ဦးစိုင်းငင်း၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်နဲ့  ဒုဥက္ကဋ္ဌ နိုင်ဟံသာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ချင်းအမျိုးသားတပ်ဦးဥက္ကဋ္ဌ ပူဇင်ကျုံး၊ ပအို့ဝ်လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုဥက္ကဋ္ဌခွန်မြင့်ထွန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ စောမူရှေး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA) (PC) အထွေထွေအတွင်းရေးမှူး နော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဒုဥက္ကဋ္ဌ ကြာဟားတို့ တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်အစိုးရဘက်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုဝန်ကြီးဦးမင်းသူ၊ ဦးခင်မောင်တင်နဲ့ ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကတော့ ဝ၊ မိုင်းလား၊ ကိုးကန့်နဲ့ ကချင် အပါအဝင်  အန်စီအေ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဓာတ်ပုံ- State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013