DVB Logo
Home
မြန်မာသတင်း
ချောက်​မြို့​မ​ဈေး အ​ဆောင်​ပြင်​ဆင်​မှု​ ဝန်​ကြီး ညှိနှိုင်းပေးသော်လည်း ပြေလည်မှုမရ
DVB
·
July 13, 2018
ချောက်​မြို့​မ​ဈေး အ​ဆောင်​ပြင်​ဆင်​မှု​ ဝန်​ကြီး ညှိနှိုင်းပေးသော်လည်း ပြေလည်မှုမရ
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး ​ချောက်​မြို့မ ​ဈေးအတွင်း စဥ့်ကူ​တန်းအ​ဆောင်​ ပြင်​​ဆင်​​နေမှုအား ​ဈေးသည်​အချို့ မ​ကျေနပ်ကြလို့ မနေ့က​ စီမံကိန်း၊ ဘဏ္ဍ​ရေးနှင့်​စည်​ပင်​သာယာ​ရေးဝန်​ကြီးဌာန မ​ကွေးတိုင်း​ဒေသကြီး ဝန်​ကြီး ဦး​ဇော်​မင်း လာရောက်ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ဘူးလို့ သိရပါတယ်။

“ကျနော်​တို့ (က-၅) တန်းကို ​ရှေ့က စဥ့်ကူတန်းက ​ကျော​ပေးခြင်းကိုခံ​နေရပါတယ်​။ အခုစဥ့်ကူတန်း ပြင်​ဆင်​​ဆောက်​ချိန်​မှာ စည်​ပင်ရုံးကိုသွားပြီး ပြင်​ဆင်​တုန်းမှာ မျက်​နှာချင်းဆိုင်​ (ပြင်​ဆင်​သည့် စဥ့်ကူတန်း နှစ်​တန်းအား ​ကျောခြင်းကပ်​လျက်​) ​ဆောက်​လုပ်​​ပေးဖို့ တင်​ပြ​ခဲ့ပါတယ်​။ ဒါကလည်း ကျနော်တို့ (က-၅) အတန်းတခုတည်း ​ကောင်းစား​ရေး မဟုတ်​ပါဘူး၊ အတန်း ​လေးတန်းလုံး​ ကောင်းစား​ရေးအတွက်​ တင်​ပြရတာပါ။ ဒါ​ပေမယ့် စည်​ပင်ရုံးက ပုံစံမ​ပြောင်းဘဲ ယခင်​အတိုင်း ​ဆောက်​လုပ်​​နေလို့ ​ကျေနပ်​မှုမရှိလို့ မ​ကွေးဝန်​ကြီးဆီအထိ သွား​ရောက်​တင်​ပြခဲ့လို့ ဝန်​ကြီးကိုယ်​တိုင်​ ​ချောက်​မြို့ ကွင်းဆင်း​လေ့လာပြီး စည်​ပင်​ရုံးမှာ အစည်း​ဝေးထိုင်​ပြီး ဆုံးဖြတ်​ချက်​ချတဲ့အချိန်​မှာ နဂိုပုံစံအတိုင်းပဲ ဆုံးဖြတ်​ချက်​ချသွားလို့ အားရ ​ကျေနပ်​မှု မရှိပါဘူး” လို့ (က-၅) ဆိုင်​အမှတ်​(၁၃) မှ ​ဈေးသည်​ဖြစ်​သူ ဦးမျိုးသက်​က ပြောပါတယ်။

တိုင်း​ဒေသကြီးလွှတ်​​တော်​ ကိုယ်​စားလှယ်​ ​ဒေါ်စန်းစန်းဝင်းက “ဒီအတန်း နှစ်​တန်းက​တော့ လက်​ရှိ ​ကျောခြင်းကပ်​ခြင်းအားဖြင့် သူတို့​ငွေလည်း ကုန်​တာမဟုတ်​ဘူး၊ စည်​ပင်​ဘတ်​ချက်​​ငွေနဲ့ပြင်​တာ၊ စည်​ပင်​က ပြင်​​နေတဲ့အချိန်​မှာ အတန်း​လေးတန်းလုံး အကျိုးရှိမယ့်ကိစ္စကို ဦး​ဆောင်​တင်​ပြ​သော်​လည်း ဘယ်​လိုအ​ကြောင်းအရာ ​တွေ​ကြောင့်လည်း ​တွေးမရဘူး၊ ဒီအတိုင်းပဲ။ စည်​ပင်​ဝန်​ကြီးလာတဲ့အခါမှာလည်း စည်​ပင်​​ကော်​မတီတင်​ပြတဲ့၊ ​​ဈေး​ကော်​မတီကလည်း ဒီအတန်း ​လေးတန်းလုံး အကျိုးရှိမယ်​ကိစ္စကို ဦးမတည်​ဘဲ အတန်းနှစ်​တန်းပဲ အကျိုးရှိမယ့်ကိစ္စကို ဦးတည်​သွားသလဲဆိုတာ​တော့ မ​တွေးတတ်​​အောင်​ ဖြစ်​မိတယ်​” လို့ ​ပြောပါတယ်။

ပြီးခဲ့တဲ့ အနှစ်​ ၂ဝ အချိန်​က အခုပြုပြင်​​နေ​တဲ့ စဥ့်ကူတန်းဟာ ​ကျောခြင်းကပ်​အ​နေအထား ရှိခဲ့ရာမှ ​ဈေးအနီး မီး​လောင်​မှုအ​ကြောင်းပြု၍ မီးသတ်​ကား ဝင်​နိုင်​ဖို့ အ​ဆောင်​ကို ဘယ်​ညာခွဲတည်​​ဆောက်​ခဲ့တာလို့ ဆိုပါတယ်။

ချောက်​မြို့မ​ဈေးအတွင်း (က-၄) အ​ဆောင်နဲ့ (က-၅) ပင်​မ အ​ဆောင်​ကြားရှိ စဥ့်ကူတန်း အ​ဆောင်​အား ပြန်​လည်​ပြင်​ဆင်​ရာမှာ​ ​ကျောခြင်းကပ်​ အ​နေအထား အဖြစ်​ပြန်​လည်​ထားရှိ​စေချင်​​ကြောင်း ဈေးသည်တွေက ပြောပါတယ်။

အခုလက်ရှိ အဆောင်ပြင်ဆင်ပုံဟာ ဆိုင်​​ကျောပေးထားပြီး လူအဝင်​အထွက်​နဲ့ လမ်းသွားလမ်းလာ ကျဉ်း​မြောင်းပြီး အလင်း​ရောင်​ အားနည်းခြင်းတို့​ကြောင့် ကန့်​ကွက်​တာလို့ ဆိုပါတယ်။

ဝန်​ကြီးက ​ဈေးအတွင်း လိုက်​လံကြည့်​ရှုပြီး ​ချောက်​မြို့စည်​ပင်​သာယာဌာန အစည်း​ဝေးခန်း​ဆောင်​မှာ ​ဈေးသည်​တွေနဲ့​တွေ့ဆုံပြီး ညှိနှို​င်းတွက်​ချက်​ဖြေရှင်းမှုတွေ  ​ဆောင်​ရွက်​​ပေးခဲ့ပေမယ့် ဈေးသည်တွေက မကျေနပ်ကြဘူးလို့ သိရပါတယ်။

လမ်းနဲ့ မလွတ်​​တဲ့ ဓာတ်​တိုင်​​တွေဖယ်​ရှားဖို့၊ ပြုပြင်​နေတဲ့ ဆိုင်​တန်းအလယ်​လမ်းအား ၁ ပေခွဲအတွင်းတိုးဖို့နဲ့ သစ်​သားခင်း ​မြောင်းဖုံးတွေကို သတ်​သတ်​ရပ်​ရပ်​ပြင်​ဆင်​ပါက လမ်းသွားလမ်းလာ အဆင်​​ပြေသွားမယ်လို့ ဝန်ကြီးက ပြောကြားခဲ့တယ်လို့ ​ချောက်​မြိုနယ်​ စည်​ပင်​သာယာ ​ကော်​မတီမှ လူမှုစီးပွားကိုယ်​စားလှယ်​ အဖြစ်​ တာဝန်​ထမ်း​ဆောင်​​နေ​တဲ့ ဦးလှမင်းက ပြောပါတယ်။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013