DVB Logo
Home
မြန်မာသတင်း
တံဆိပ်ခေါင်း ဈေးကြီးရှားပါးသည့် ကိစ္စရှေ့နေများကွန်ရက်က တင်ပြမည်
DVB
·
July 14, 2012
Donate to DVB

တရားရေးလောကသားတွေ အခက်အခဲတွေ့နေတဲ့ တံဆိပ်ခေါင်းဖိုး ဈေးအလွန်အမင်း ကြီးမြင့်မှုနဲ့ ရှားပါးမှုကိစ္စကို လာမယ့်သီတင်းပတ်အတွင်း သမ္မတထံ တင်ပြမယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ပြောပါတယ်။

ကွန်ရက်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဘာကြောင့် သူတို့တင်ပြရသလိုဆို ခုလို ရှင်းပြပါတယ်။

“၆ ကျပ်တန်က ၆၀၀ ဖြစ်သွားတယ်ဗျာ။ အဲဒီ ၆၀၀ ကိုလည်း ၀ယ်တဲ့အခါ လူတယောက်ကို တစောင်ပဲ ရောင်းတယ်။ အကြာကြီး တန်းစီရတယ်။ နောက်ပြီးတော့ တရားမမှုတွေ စွဲမယ်ဆိုရင်လည်း အဲဒီစာရွက်စာတမ်းတွေကိုလည်း သူတို့က အရင်ဖတ်ကြည့်ဦးမယ်ဆိုတော့ သူတို့နဲ့ မဆိုင်တာတွေကို ရုံးက တောင်းနေတယ်။ အဲဒါတွေကလည်းပဲ မှုတွေ မှားနေတယ်ဗျာ။ အဓိကကတော့ ၀ယ်ရတာ သိပ်ခက်တယ်။ တချို့ဟာတွေကလည်း အဆ ၃၀၀ တက်တာရှိတယ်။ အဆ ၁၅၀၀ တက်တာ ရှိတယ်။ တရားရုံးက မိတ္တူကူးရင် အရင်တုန်းက ၁ ကျပ်ကပ်ရတဲ့ဟာကို အခု ၁၅၀၀ ကျတယ်ဗျာ။ ခရိုင်တရားရုံးတို့ လွှတ်တော်တို့မှာ ၁ ကျပ်ကပ်ရတဲ့ဟာ ၃၀၀ ကပ်ရတယ်ဗျာ။ အဲဒါတွေ ဖြစ်နေတယ်။”

ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနက ဒီတံဆိပ်ခေါင်းခွန်တွေကို ဧပြီလဆန်းမှာ တင်ခဲ့တာ ဖြစ်ပါတယ်။

၆ ကျပ်တန်တံဆိပ်ခေါင်းကို ကျပ် ၆၀၀ ပေးဝယ်ရသလို လိုသလောက် မရတာကြောင့် မှောင်ခိုမှာ ၆ ကျပ်တန်ဟာ ၁၈၀၀ ဈေးပေါက်နေတယ်လို့ ပြောသွားတာပါ။

ဧပြီလဆန်းကစလို့ တံဆိပ်ခေါင်းဖိုးတွေ ဈေးတက်တာဖြစ်ပေမယ့် မေလကျမှ အများပြည်သူ သိကြရတယ်လို့ဆိုပါတယ်။

ဒီတင်ပြချက်ကို သမ္မထံ လိပ်မူပြီး လွှတ်တော်ဥက္ကဋ္ဌနှစ်ယောက်၊ ဘဏ္ဍာရေး အခွန်ဝန်ကြီးဌာနနဲ့ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်သူတို့ရဲ့ အသနားခံစာနဲ့ တိုင်ကြားစာ လက်ခံတဲ့ကော်မတီတွေထံ ကွန်ရက်နာယက ၃ ဦးကို ပေးပို့တင်ပြမယ်လို့ ဆိုပါတယ်။

တံဆိပ်ခေါင်းကြေးတွေ အလွန်အမင်းတက်တဲ့အတွက် အခက်အခဲ ကြုံရချက်တွေကို ဦးကြီးမြင့်က ခုလို ပြောပြပါတယ်။

“ကျနော်တို့ အခု လောလောဆယ် ဒုက္ခရောက်နေတာက ပြည်သူတွေက အမှု မဖြစ်ပွားချင်ဘဲ အမှု ဖြစ်နေရပြီးတော့ တံဆိပ်ခေါင်းတွေလည်း အဆ ၁၀၀ လောက် ကပ်ရတော့ မိမိနစ်နာချက်တွေကို ခါးစည်းခံနေရတယ်။ ချမ်းသာတဲ့ သူတွေကနေ အမှုတွေ စွဲဆိုလာတဲ့ကိစ္စမှာ ဆင်းရဲသားတွေအနေနဲ့ တံဆိပ်ခေါင်းဖိုး မတတ်နိုင်လို့ ရှုံးရမလို ဖြစ်နေတယ်ဗျာ။ အမွေရမယ့် ကိစ္စတွေ ဥပမာ သိန်း ၂၀၀၀ လောက်ရဖို့ရှိတယ် ၁၅ သိန်းကပ်ပြီး ဘယ်လိုလုပ် စွဲမလဲဗျာ။”

ဒီတံဆိပ်ခေါင်းခွန်ကိစ္စကို လွန်ခဲ့တဲ့လပိုင်းက ရန်ကုန်မှာ ကျင်းပတဲ့ ရှေ့နေများ ကွန်ရက်အစည်းအဝေးကြီးမှာ တင်ပြဆွေးနွေးခဲ့ကြပြီးနောက် သမ္မတနဲ့ လွှတ်တော်တံ ထင်ပြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013