DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ကာချုပ် သီးသန့်တွေ့ဆုံ
DVB
·
July 12, 2018
အပစ်ရပ်လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ကာချုပ် သီးသန့်တွေ့ဆုံ
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီကနေ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

နေပြည်တော် ဘုရင်နောင်ရိပ်သာ ဧည့်ခန်းမမှာ ဒီကနေ့မနက်ပိုင်းက တွေ့ဆုံခဲ့တာ ဖြစ်ပြီး လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအကြောင်းနဲ့ လက်ရှိ လုပ်ဆောင် နေတဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ)က သတင်းထုတ်ပြန်ထားပါတယ်။

ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ နိုင်ထောမွန်၊ ဗိုလ်ချုပ်ဘောင်ခေး၊ ခိုင်စိုးနိုင်အောင်၊ ပူဇင်ကျုံး၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ရဲဘော်သံခဲ၊ ဗိုလ်ချုပ်ကြီး စောမိုရှေး၊ ဒေါက်တာ နော်ကပေါ်ထူး၊ ကျားဟာ၊ ပဒိုကွယ်ထူးဝင်း၊ နိုင်ဟံသာနဲ့ ဗိုလ်မှူးကြီးစိုင်းငင်းတို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013