DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 12, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ငွေကျပ် ၄၂၅,၀၀၀ ပေါက်ဈေးရှိပြီး ၁ တန်ကို ၃,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ၁ တန်ကို ၄,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ငွေကျပ် ၄၆၈,၀၀၀ ရှိပါတယ်။

ပဲလွန်းဖြူ
ပဲလွန်းဖြူကတော့ ဒီနေ့မှာ တပိဿာကို ၃၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၀၁၅ ကျပ်မှ ၁,၃၀၀ ကျပ် ရှိပါတယ်။

ထန်းလျက်
ထန်းလျက်က ဒီနေ့မှာ ၁ ပိဿာကို ၈၅၀ ကျပ်ကနေ ၁,၄၀၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၄၇၅ ကျပ်ကနေ ၆၂၅ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)က ဒီနေ့မှာ ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၉၀၀ ကျပ်ကနေ ၉၅၀ ကျပ် ရှိပါတယ်။

ငရုတ်ပွ (မြစ်ဝ)
ငရုတ်ပွ(မြစ်ဝ) အမျိုးအစားအက ၁ ပိဿာကို ၂,၀၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၈,၀၀၀ ရှိပါတယ်။

အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၀၀ ကျပ်ကနေ ၉၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက တဖြည်းဖြည်း ဈေးက ကျဆင်းသွားပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်တွေအပြင် နယ်ကုန်စည်ဒိုင်တွေမှာပါ ပဲ အဝင်နည်းပြီး ရန်ကုန် ဝယ်လက်ရှိမှာသာ အရောင်းအဝယ်ဖြစ်တဲ့ အနေအထား ရှိနေပါတယ်။ လက်ရှိမှာကလည်း ပြည်ပ ဝယ်ယူမှုကို စောင့်ကြည့်နေကြတဲ့အတွက် အရောင်းအဝယ်က အေးပြီး ဈေးကျဆင်းသွားခဲ့ပါတယ်။

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်က အနည်းငယ် ပြန်တက်ခဲ့ပေမယ့် ဒီတပတ်မှာတော့ ဈေးက တက်မလာဘဲ ဆက်တိုက်ကို ကျဆင်းနေခဲ့ပါတယ်။ ဈေးကျဆင်းနေတဲ့အတွက် ကုန်စည်ဒိုင်တွေကိုလည်း ပဲအဝင်က နည်းနေပြီး ကုန်စည်ဒိုင်တွေကလည်း ပဲလက်ကျန်တွေကိုသာ ရောင်းချနေရတဲ့ အနေအထား ရှိပါတယ်။

နောက်သီးနှံတခုကတော့ ကြက်သွန်ဖြူ ဖြစ်ပါတယ်။ ရှမ်းကြက်သွန်ဖြူတွေ ဆက်တိုက် ဝင်ရောက်နေပြီး တရုတ်ကြက်သွန်ဖြူ(ကြူကုတ်)ကလည်း ဈေးအနည်းငယ်နဲ့ အများအပြား ဝင်ရောက်လာပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ကုန်သည်တွေ ဝယ်ယူမှု နည်းလာပြီး ဈေးကွက်ထဲမှာ အရောင်းအဝယ်ကလည်း အေးကာ ဈေးကျဆင်းသွားပါတယ်။

နှစ်ပတ်ကျော် ဈေးငြိမ်နေခဲ့တဲ့ ကြက်သွန်နီက ဒီတပတ်မှာတော့ ဈေးက ပြန်တက်လာခဲ့ပါတယ်။ ကြက်သွန်နီက ဈေးကွက်အတွင်း အနည်းငယ် ပြန်တက်လာခဲ့ပေမယ့် အရောင်းအဝယ်ကတော့ အေးနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လေးရက်အတွင်း ၁ ပိဿာကို ၁၀၀ ကျပ် ဈေးပြန်တက်လာခဲ့ပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013