DVB Logo
Home
မြန်မာသတင်း
ဒုတိယအကြိမ် ငလျင်ဆိုင်ရာဖိုရမ် ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ကျင်းပမည်
DVB
·
July 12, 2018
ဒုတိယအကြိမ် ငလျင်ဆိုင်ရာဖိုရမ် ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ကျင်းပမည်
Donate to DVB

ဒုတိယအကြိမ် ငလျင်ဆိုင်ရာ ဖိုရမ်ကို ရန်ကုန်မြို့၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ဇူလိုင် ၁၃ ရက်၊ ၁၄ ရက် ၂ ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဖိုရမ် ပထမနေ့မှာ ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းတွေ တင်ပြဆွေးနွေးတာ၊ စကားဝိုင်းဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဒုတိယနေ့မှာ ပြည်သူနဲ့အစိုးရတို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းရွှေက “မိုးဇလ ဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ၂ဝ၁၈ ဇန်နဝါရီလကနေ ဇွန်လအထိကို တနိုင်ငံလုံးမှာ ငလျင်အကြိမ် ၁ဝဝ ကျော် လှုပ်ခဲ့တယ်။ ၂ဝ၁၈ ဇန်နဝါရီလကလည်း ပဲခူးတိုင်း၊ဖြူးမြို့အနီး တဝိုက်မှာ အင်အား ရစ်ချတ်စ်တာစကေး ၆ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခဲ့တယ်။ အဲဒီအတွက် လူဦးရေ ထူထပ်တဲ့ ကျနော်တို့ ရန်ကုန်နေပြည်သူတွေ ငလျင်နဲ့ပတ်သတ်တဲ့ အသိပညာတွေရဖို့က လိုအပ်နေပါပြီ။ အဲဒီရည်ရွယ်ချက်နဲ့  ဒီလို ဖိုရမ်တွေ လုပ်ရတာပါ” လို့ ပြောပါတယ်။

ပထမအကြိမ် ငလျင်ဖိုရမ်ကို ၂ဝ၁၆ အောက်တိုဘာလက ပြုလုပ်ခဲ့ပါတယ်။ ဒုတိယအကြိမ် ငလျင်ဖိုရမ်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း Action Aid၊ UNDP စတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းကျင်းပ သွားမှာဖြစ်ပြီး မည်သူမဆို အခမဲ့တက်ရောက်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013