DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံထွက် ထန်းသီးဆံများ​ကို တရုတ်​နိုင်​ငံသို့ တင်​ပို့​ရောင်းချနေ
DVB
·
July 12, 2018
မြန်မာနိုင်ငံထွက် ထန်းသီးဆံများ​ကို တရုတ်​နိုင်​ငံသို့ တင်​ပို့​ရောင်းချနေ
Donate to DVB

မြန်မာပြည်အလယ်ပိုင်း အပူပိုင်း​ဒေသတွေမှာ အများဆုံးဖြစ်​ထွန်းတဲ့ ထန်းပင်​က ထန်းသီးဆံ​တွေကို မြင်းခြံမြို့ စက်​မှုဇုန်​မှာ​ရှိ  Green Momentum ကုမ္ပဏီက ဝယ်​ယူပြီး ​အေးခဲကာ တရုတ်​နိုင်​ငံသို့ တင်​ပို့​ရောင်းချ​နေပါတယ်။

အဖိုးတန်တဲ့ ထန်းပင်​​တွေ ခုတ်​လှဲ​ပြီး တရုတ်နိုင်ငံကို ရောင်းချ​နေတာ ​ရှိလာနေတဲ့အတွက် ထန်းပင်တွေကို ထိန်းသိမ်းဖို့နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အဓိက ရည်ရွယ်ပြီး ထန်းသီးဆံတွေကို ပြည်ပ တင်ပို့ရောင်းချဖို့ လုပ်ဆောင်နေတာလို့  Green Momentum ကုမ္ပဏီရဲ့ ဒါရိုက်​တာ ကို​ကျော်​သူရက ဒီဗွီဘီကို ပြောပါတယ်။

"ဒီလုပ်​ငန်းက အခုမှ စလုပ်​ကြည့်တာပါ။ ကျ​နော်​တို့ရဲ့ အဓိကရည်​ရွယ်​ချက်​က ဒီ​ဒေသဖွံ့ဖြိုး​ရေးကို ဦးစား​ပေးတာပါ၊ ခုဆိုရင်​ ထန်းပင်​​တွေ ခုတ်​လှဲ ​ရောင်းချ​နေတာ​တွေလည်း သိ​နေရတယ်​။ ပြီး​တော့ ထန်းပင်​​ပေါ်မှ ထန်းသီး​တွေကို နှစ်​စဉ်​နှစ်​တိုင်း အများကြီး လွှင့်ပစ်​​နေကြရတာ​တွေ ရှိ​နေတယ်​။ အဲ့ဒါ​တွေ စဉ်းစားပြီး ထန်းပင်​​တွေကိုပါ ထိန်းသိမ်းပြီးသားဖြစ်အောင်​ရယ်​၊ ​နောက်​ပြီး ထန်းသီးဆံ​တွေကို ဝယ်​ယူပြီး ​အေးခဲကာ ပြည်​ပပို့ကုန်​အဖြစ်​ ပထမဆုံး တရုတ်​နိုင်​ငံကို တင်​ပို့​ရောင်းချ​နေတာ ဖြစ်​တယ်​”

တောင်​သူ​တွေက ထန်းသီးကို အလုံးလိုက်​​ရောင်းချတာမျိုးနဲ့ အဆံထုတ်​ပြီး ​ရောင်းချတာမျိုးဆိုပြီး ​ပုံစံ ၂ မျိုးနဲ့ ​ရောင်းချတာ​တွေလည်း ရှိ​နေပြီး ထန်းသီး ၁ လုံးမှာ အဆံ ၃ ဆံပါရှိကာ အဆံနု တဆံကို ၁၅ ကျပ်​နှုန်းနဲ့ ​ရောင်းချရတယ်​လို့ သိရပါတယ်​။

ဒေသခံ​တောင်​သူတ​ဦးက “ခုလို ထန်းသီးဆံ ဝယ်​တာက ဒီ​ဒေသ​တော့ အခုမှ ကြားဖူးတာပါ။ အရင်​က​တော့ ထန်းသီး​တွေကို စဉ်းခုတ်​ပြီး နွား​ကျွေးရတယ်​။ သူတို့ ဝယ်​တာကလည်း ထန်းသီးဆံ အနုတ​မျိုးကိုပဲ ဝယ်​ယူတာပါ။ အနုတဆံ မှ ၁၅ ကျပ်​နှုန်းပဲ ဝယ်​တာဆို​တော့၊ ထန်းသီးဆံအရင့်​ကျ မ​ရောင်းရ​တော့ ​တောင်​သူ​တွေ မကိုက်​ညီပါဘူး” လို့ ဆိုပါတယ်​။

အပူပိုင်း​ဒေသဖြစ်​တဲ့ မန္တ​လေးတိုင်း​ဒေသကြီးမှာ ထန်းပင်​​တွေ အများဆုံး​တွေ့ရှိရပြီး လက်​ရှိမှာ​တော့ ထန်းပင်​​တွေကို ပုံစံအမျိုးမျိုးနဲ့ ခုတ်​လှဲ​ပြီး တရုတ်နိုင်ငံကို ရောင်းချ​နေတာမျိုး​တွေလည်း ရှိ​နေလို့ ထန်းပင်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ထန်းပင်ချစ်သူများအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေတာလည်း ရှိနေပါတယ်။

ရီရီထွန်း(မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013