DVB Logo
Home
မြန်မာသတင်း
စီး​ပွား​ရေး​ပိတ်ဆို့​မှု ရုပ်သိမ်း​ရေး​အဆို လွှတ်​တော်တွင် အတည်ပြု
DVB
·
July 13, 2012
စီး​ပွား​ရေး​ပိတ်ဆို့​မှု ရုပ်သိမ်း​ရေး​အဆို လွှတ်​တော်တွင် အတည်ပြု
Donate to DVB

ကျင်း​ပပြုလုပ်​နေတဲ့​ ပြည်သူ့​လွှတ်​တော်အစည်း​အ​ဝေး​မှာ မူလ စီစဉ်ထား​တဲ့​ အစည်း​အ​ဝေး​အစီအစဉ်မှာ မပါတဲ့​ စီး​ပွား​ရေး​ပိတ်ဆို့​မှု ရုပ်သိမ်း​ရေး​အဆို တင်သွင်း​ပြီး​ အတည်ပြုလိုက်တယ်လို့​ သိရပါတယ်။


ဒီ​နေ့​ ကျင်း​ပတဲ့​ ပြည်သူ့​လွှတ်​တော်အစည်း​အ​ဝေး​မှာ ကျား​ဖြူပါတီက ပြည်သူ့​လွှတ်​တော်အမတ် ​ဒေါ်နန်း​ဝါနုက​နေ မြန်မာနိုင်ငံအ​ပေါ်ချမှတ်ထား​တဲ့​ ပိတ်ဆို့​အ​ရေး​ယူမှု​တွေကို အမြန်ဆုံး​ရုပ်သိမ်း​ရေး​ ညှိနှိုင်း​ဆောင်ရွက်​ပေး​ဖို့​ တိုက်တွန်း​တဲ့​ အဆိုကို တင်သွင်း​ခဲ့​တယ်လို့​ သိရပါတယ်။

ဒီအဆိုဟာ နဂိုမူလက အစည်း​အ​ဝေး​အစီအစဉ်မှာ မပါဘဲ ကြား​ဖြတ် တင်သွင်း​တဲ့​အဆိုဖြစ်ပြီး​ လွှတ်​တော်ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​က​နေ ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်​ သုံး​ပြီး​ အဲဒီအဆိုကို အတည်ပြုလိုက်တာလို့​ ပြည်သူ့​လွှတ်​တော်အစည်း​အ​ဝေး​မှာ တက်​ရောက်​နေတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က မိတ္ထီလာမြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဝင်း​ထိန်က ​ပြောပါတယ်။

“နား​ထောင်​နေရင်း​နဲ့​ ပုံစံက မကျဘူး​။ ​ပြောမယ်ဆို​တော့​လည်း​ ​ပြောလို့​မရဘူး​။ ကျ​နော်​ပြောချင်တာက မြန်မာနိုင်ငံမှာ စီး​ပွား​ရေး​ပိတ်ဆို့​တဲ့​ အဓိက အ​ကြောင်း​အရင်း​က လူ့​အခွင့်​အ​ရေး​တွေ ချိုး​ဖောက်လို့​ စီး​ပွား​ရေး​ပိတ်ဆို့​တာ။ အဲဒီအ​ကြောင်း​ကို မသိဘဲနဲ့​။ အဲဒီအ​ကြောင်း​တွေကို ​ကောင်း​ကောင်း​ သိချင်ရင် ​ကောင်း​ကောင်း​ ​လေ့​လာဖို့​ လိုတယ်။ မြန်မာနိုင်ငံက လူ့​အခွင့်​အ​ရေး​ ဘယ်​လောက်ချိုး​ဖောက်တာ​တွေ​ကြောင့်​ စီး​ပွား​ရေး​ပိတ်ဆို့​တာ။

“အခု ဦး​သိန်း​စိန် ​ခေါင်း​ဆောင်တဲ့​ အစိုး​ရက မီဒီယာ​တွေကိုလည်း​ အထိုက်အ​လျောက် လွတ်လပ်ခွင့်​ပေး​တယ်။ ကျ​နော်တို့​ကိုလည်း​ ​ရွေး​ကောက်ပွဲ ဝင်လို့​ရ​အောင်အထိ ညှိ​ပေး​တယ်။ စီး​ပွား​ရေး​ပိုင်း​မှာလည်း​ ​မော်​တော်ကား​ကိစ္စ​တွေ အထိုက်အ​လျောက် လုပ်​ပေး​တယ်။ နိုင်ငံတကာကလည်း​ သူတို့​ရဲ့​ စီး​ပွား​ရေး​ ပိတ်ဆို့​တာ​တွေကို ​လျော့​ပေး​တယ်။ ဦး​သိန်း​စိန်အစိုး​ရဘက်က အထိုက်အ​လျောက် ​လျော့​ပေး​လို့​ စီး​ပွား​ရေး​ပိတ်ဆို့​တာ​တွေလည်း​ ​လျော့​ပေါ့​လာတာ။ ပိုပြီး​တော့​ ​လျော့​ပေါ့​ပေး​ချင်ရင် ပိုပြီး​ လူ့​အခွင့်​အ​ရေး​နဲ့​ ဒီမိုက​ရေစီအ​ရေး​ကို လုပ်ရမယ်။ ဒါ​ကြောင့်​ စီး​ပွား​ရေး​ပိတ်ဆို့​မှု ရုပ်သိမ်း​ရေး​ကို ​တောင်း​ဆိုမယ့်​အစား​ ဒီနိုင်ငံမှာ ဦး​သိန်း​စိန်အစိုး​ရက​နေ လူ့​အခွင့်​အ​ရေး​ကို ပိုပြီး​ ပွင့်​ပွင့်​လင်း​လင်း​ လုပ်​ပေး​ပါဆိုတဲ့​ အဆိုကို တင်ချင်တာ မတင်လိုက်ရဘူး​။ အဲဒါပါပဲ။”

အစည်း​အ​ဝေး​ ပြီး​ဆုံး​ချိန်တွင် လွှတ်​တော်ဥက္ကဋ္ဌ သူရ ဦး​ရွှေမန်း​၊​ အဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ စီး​ပွား​ရေး​ပိတ်ဆို့​မှုရုပ်သိမ်း​ရေး​အဆိုကို တင်သွင်း​တဲ့​ ​ဒေါ်နန်း​ဝါနုတို့​ လွှတ်​တော် ဥက္ကဋ္ဌရုံး​မှာ ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေ လုပ်ခဲ့​ပါတယ်။

သူရဦး​ရွှေမန်း​နဲ့​ ​တွေ့​ဆုံပြီး​ ပြန်ထွက်လာတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ဆွေး​နွေး​ပွဲနဲ့​ ပတ်သက်ပြီး​ ပြန်လည်​ဖြေကြား​ခဲ့​တာ​တွေကို သတင်း​ယူ​နေတဲ့​ ဒီဗွီဘီ သတင်း​ထောက်က အခုလို ​ပြောပါတယ်။

“ဒါနဲ့​ပတ်သက်ပြီး​ တခုခု မှတ်ချက်​ပေး​ဖို့​ ​မေး​တဲ့​အခါမှာ ပြည်သူလူထုအကျိုး​ ရှိ​စေမယ့်​၊​ လွှတ်​တော်နဲ့​ ပတ်သက်တဲ့​ အ​ကြောင်း​အရာ​တွေ ​ဆွေး​နွေး​ဖြစ်တယ်လို့​ ​ပြောသွား​တယ်။ ဒါနဲ့​ ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောရိုး​ထုံး​စံ မရှိဘူး​။ အဲ့​လောက်ပဲ သူ​ပြောသွား​တယ်။”

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ညပိုင်း​မှာ ပြည်သူ့​လွှတ်​တော် တက်​ရောက်​နေတဲ့​ တိုင်း​ရင်း​သား​ကိုယ်စား​လှယ်​တွေနဲ့​ ​တွေ့​ဆုံမယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013