DVB Logo
Home
မြန်မာသတင်း
မန္တလေး ကျောက်ထုတ်စခန်းများကို လူ့အခွင့်အရေးကော်မရှင် ရှောင်တခင်စစ်ဆေး
DVB
·
July 11, 2018
မန္တလေး ကျောက်ထုတ်စခန်းများကို လူ့အခွင့်အရေးကော်မရှင် ရှောင်တခင်စစ်ဆေး
1 / 5
Donate to DVB

မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အကျဉ်းဦးစီးဌာနရဲ့ ကျောက်ထုတ်စခန်းတွေကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ကြည့်ရှုစစ်ဆေးရေးအဖွဲ့ဝင်တွေက မနေ့က ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။

ပုသိမ်ကြီးမြို့နယ်က ထုံးဘို ၁ ကျောက်ထုတ်စခန်း၊ ထုံးဘို ၂ ကျောက်ထုတ်စခန်းနဲ့ ထုံးဘို အမျိုးသမီးကျောက်ထုတ်စခန်းတွေကို ဝင်ရောက်ကြည့်ရှုခဲ့တာပါ။

ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က “တွေ့ရှိတာ အသေးစိတ်ကိုတော့ ပြောဖို့ခက်ပါတယ်။ အကြမ်းဖျင်းပြောရရင်တော့ လုပ်ငန်းခွင်မှာ အရိပ်အာဝါသ မရှိဘူး။ နားဖို့အတွက် ပေးထားတဲ့ အမိုးရှိတဲ့ နေရာကကျဉ်းတော့ လူတိုင်း မနားရဘူးပေါ့ဗျာ။ ပြီးတော့ သောက်ရေကိုလည်း ပလပ်စတစ်ဘူးတွေနဲ့ ပေးထားတော့ ရေပူကြီးတွေ သောက်ရတာပေါ့” လို့ ပြောပါတယ်။

ကော်မရှင် အဖွဲ့ဟာ ဒီနေ့မှာလည်း ကျောက်ဆည်မြို့နယ်က ဘဲလင်း အကျဉ်းစခန်း ၁ နဲ့ ၂၊ ရဲစခန်း အချုပ်ခန်းတွေကို သွားရောက်လေ့လာနေပါတယ်။

“ဘဲလင်းတို့ ဘာတို့မှာဆိုရင်လည်း လုပ်ငန်းခွင်သုံး ဖိနပ်မရှိလို့ ခဲတွေမှန်တာရှိတယ်။ ဒါကြောင့် လုပ်ငန်းခွင်သုံး ဖိနပ်တို့၊ မျက်မှန်တို့ ပြည့်စုံအောင် စီစဉ်ပေးဖို့ မေတ္တာရပ်ခံ ပြောခဲ့တာ ရှိပါတယ်” လို့ ပြောပါတယ်။

ရှောင်တခင်စစ်ဆေးရာမှာတော့ အကျဉ်းသားတွေကို သီးသန့် ခေါ်ယူမေးမြန်း ပြောဆိုတာ မရှိဘဲ အဲလို ပြောဆိုမေးမြန်းနိုင်ဖို့ဆိုရင် အလုပ်နားထားလို့ရအောင် တရက်ကြိုပြီး အကြောင်းထားရတယ် လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့မေလတုန်းက ကော်မရှင်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာတော့ အမျိုးသမီး ကုန်ထုတ်စခန်းတွေကို ပိတ်သိမ်းသင့်တယ်လို့ အကြံပြုတိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013