DVB Logo
Home
မြန်မာသတင်း
တောင်သူလယ်သမား​ ညီလာခံ ကျင်း​ပမည်
DVB
·
July 13, 2012
တောင်သူလယ်သမား​ ညီလာခံ ကျင်း​ပမည်
Donate to DVB

တောင်သူလယ်သမား​ ​ထောင်နဲ့​ချီတက်​ရောက်မယ့်​ ညီလာခံတခု ရန်ကုန်မှာ ဇူလိုင် ၁၄ ရက်​နေ့​ ကျင်း​ပဖို့​ ရှိပါတယ်။

မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​အသင်း​က ပြုလုပ်မယ့်​ အသင်း​ ၂ နှစ်ပြည့်​ ညီလာခံမှာ ဧရာဝတီတိုင်း​နဲ့​ ပဲခူး​တိုင်း​တို့​က လယ်သမား​ ၁ ​ထောင်​ကျော် တက်​ရောက်ကြမှာဖြစ်ပြီး​ သူတို့​ကိုယ်တိုင် ကြုံ​တွေ့​နေရတာ​တွေကို ပါဝင်​ဆွေး​နွေး​ကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​အသင်း​ ဗဟိုအလုပ်အမှု​ဆောင် ​ဒေါက်တာစိုး​ထွန်း​က “ကျ​နော်တို့​အသင်း​ဝင် အများ​စုက လယ်သမား​ ၁၈၀၀၀ ရှိတယ်ဗျ။ ညီလာခံဆို​တော့​ အသင်း​ဝင်​တွေပါ ပြန်ဖိတ်ထား​တာ။ တက်လာနိုင်တဲ့​ လယ်သမား​တွေကိုပဲ ကျ​နော်တို့​က ပြင်ဆင်​ပေး​တဲ့​ သ​ဘောပါ။ သူတို့​တွေကလည်း​ အသင်း​ကို တင်ပြမယ့်​ အဆို​တွေ ရှိတာ​ပေါ့​။ သူတို့​လိုလား​တဲ့​ အချက်​တွေ ရှိတယ်​ပေါ့​။ ​မြေယာသိမ်း​တဲ့​ကိစ္စ​တွေ​ပေါ့​။ ဒါ​တွေကိုလည်း​ သူတို့​ဘက်က တင်ပြဖို့​ ရှိ​တော့​ ဒီပွဲမှာ တခါတည်း​ သူတို့​ တင်ပြချင်တာ​တွေ တင်ပြလို့​ရ​အောင်​လေ” လို့​ ​ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​အသင်း​မှာ အသင်း​ဝင်အင်အား​ ၃ ​သောင်း​လောက် ရှိပါတယ်။

စ​နေ​နေ့​ ကျင်း​ပဖို့​ရှိတဲ့​ ညီလာခံကို အစိုး​ရတာဝန်ရှိသူ​တွေ၊​ ဆန်စပါး​ ပညာရှင်​တွေ၊​ အဖွဲ့​အစည်း​တွေ၊​ အန်ဂျီအို​တွေ၊​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​တွေ စုံလင်​အောင်ဖိတ်ထား​တယ်လို့​လည်း​ စုံစမ်း​သိရှိရပါတယ်။

ညီလာခံကို ၂ ရက်ကြာကျင်း​ပမှာဖြစ်ပြီး​ ညီလာခံပြီး​ဆုံး​မယ့်​ ဇူလိုင် ၁၅ ရက်​နေ့​မှာ အပတ်စဉ်ထုတ် ဂျာနယ်​တွေထဲက ဆန်စပါး​လုပ်ငန်း​နဲ့​ ပတ်သက်ပြီး​ ​ရေး​သား​ဖော်ပြခဲ့​ကြတဲ့​ သတင်း​နဲ့​ သတင်း​ဆောင်း​ပါး​တွေထဲက အ​ကောင်း​ဆုံး​ သတင်း​နဲ့​ သတင်း​ဆောင်း​ပါး​တွေ ​ရွေး​ချယ်ပြီး​ ဆု ၆ ဆု ချီး​မြှင့်​ပေး​အပ်ဖို့​လည်း​ ရှိပါတယ်။

မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​အသင်း​ကို ၂၀၁၀ ခုနှစ်က စတင် ဖွဲ့​စည်း​ခဲ့​တာဖြစ်ပြီး​ အခုကျင်း​ပမယ့်​ ညီလာခံဟာ ပထမအကြိမ်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013