DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်​ခွာ ထွက်​ပြေး​နေရသည့်​ ဒုက္ခသည်များ​ကို ကုလသမဂ္ဂ ကူညီမည်
DVB
·
July 13, 2012
နေရပ်စွန့်​ခွာ ထွက်​ပြေး​နေရသည့်​ ဒုက္ခသည်များ​ကို ကုလသမဂ္ဂ ကူညီမည်
Donate to DVB

ကုလသမဂ္ဂဒုက္ခသည်များ​ဆိုင်ရာ မဟာမင်း​ကြီး​ မစ္စတာ အန်တိုနီယို ဂါး​တား​ရစ်က ပြည်နယ် ၇ ခုမှာ ရှိတဲ့​ ​နေရပ်စွန့်​ခွာထွက်​ပြေး​နေရသူ​တွေ ​နေရပ်ပြန်နိုင်ဖို့​အ​ရေး​မှာ ပူး​ပေါင်း​ကူညီ​ဆောင်ရွက်သွား​မယ်လို့​ ​ပြောပါတယ်။

မြန်မာနိုင်ငံကို​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂဒုက္ခသည်များ​ဆိုင်ရာ မဟာမင်း​ကြီး​ဟာ ကချင်ပြည်နယ်က ဒုက္ခသည်​တွေ အ​ခြေအ​နေ​တွေကို သွား​ကြည့်​ပြီး​ မ​နေ့​က ရန်ကုန်မြို့​ ဆီဒိုး​နား​ ဟိုတယ်မှာ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ အခုလို ​ပြောကြား​ခဲ့​တာပါ။


“UNHCR ဟာ မြန်မာနိုင်ငံထဲမှာ ပိုပြီး​ ထဲထဲဝင်ဝင်ရှိဖို့​ လုပ်​နေပါတယ်။ အခုလက်ရှိ ပြည်နယ် ၇ ခုမှာ ​ရောက်ရှိ​နေပြီး​ လက်နက်ကိုင်အဖွဲ့​ ၁၀ ဖွဲ့​နဲ့​ ရရှိထား​တဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ က​နေ တိုး​တက်ဖြစ်​ပေါ်လာတဲ့​ ငြိမ်း​ချမ်း​ရေး​တည်​ဆောက်မှု​တွေ၊​ ​နောက် နံပါတ် ၁၁ ဖြစ်တဲ့​ ကချင်ပြည်နယ်ထဲက ​ဆွေး​နွေး​ညှိနှိုင်း​မှု​တွေမှာ ဝိုင်း​ဝန်း​ကူညီပံပို့​ပေး​နေပါတယ်။”

သူရဲ့​ မြန်မာနိုင်ငံခရီး​စဉ်အတွင်း​မှာ သမ္မတ ဦး​သိန်း​စိန်နဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပြီး​ ရခိုင်ပြည်နယ်က အ​ရေး​ကိစ္စ​တွေကိုလည်း​ ​ပြောဆိုခဲ့​ပါတယ်။

သမ္မတ ဦး​သိန်း​စိန်က တိုင်း​ရင်း​သား​မဟုတ်ဘဲ ခိုး​ဝင်လာတဲ့​ ရိုဟင်ဂျာ​တွေကို လက်ခံဖို့​ ဘယ်လိုမှမဖြစ်နိုင်ဘူး​လို့​ ​ပြောဆိုလိုက်ပြီး​ မိမိတိုင်း​ရင်း​သား​များ​ကို တာဝန်ယူမှာဖြစ်တယ်လို့​ သမ္မတက ကတိပြုလိုက်ပါတယ်။

အဲဒီရိုဟင်ဂျာ​တွေကို UNHCR ကို လွှဲ​ပြောင်း​ပေး​ပြီး​ UNHCR က ​ကျွေး​မွေး​စောင့်​ရှောက်​ပေး​ဖို့​ဖြစ်​ကြောင်း​နဲ့​ တတိယနိုင်ငံက လက်ခံမယ်ဆိုရင် ပို့​ပေး​မယ်လို့​ ​ပြောဆိုပါတယ်။

သမ္မတရဲ့​ ​ပြောဆိုချက်နဲ့​ပတ်သက်ပြီး​ သူရဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ မစ္စတာ အန်တိုနီယို ဂါး​တား​ရစ်က UNHCR ရဲ့​ ပြန်လည်​နေရာချထား​ရေး​ အစီအစဉ်​တွေထဲမှာ အလွန်ထူး​ခြား​တဲ့​အ​ခြေအ​နေ​တွေ​ကြောင့်​ တတိုင်း​ပြည်က​နေ တခြား​ တိုင်း​ပြည်ကို ထွက်​ပြေး​လာကြတဲ့​ ဒုက္ခသည်​တွေအတွက်ဖြစ်​ကြောင်း​၊​ မြန်မာပြည် ရိုဟင်ဂျာ ပြဿနာနဲ့​ မသက်ဆိုင်​ကြောင်း​၊​ သူတို့​အဖွဲ့​အ​နေက​တော့​ မခွဲခြား​ဘဲ လူသား​ချင်း​စာနာတဲ့​ အကူအညီ​တွေ ပံ့​ပိုး​ဆောင်ရွက်သွား​ဖို့​ ဖြစ်​ကြောင်း​၊​ ပြန်လည်​နေရာချထား​ရေး​ အစီအစဉ်ဆိုတာက တကယ့်​ဒုက္ခသည်​တွေအတွက်သာ ဖြစ်တယ်လို့​ပြောဆိုသွား​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013