ဦးရဲလွင်၏ရုပ်အလောင်းကို ဦးကျော်သူဦးဆောင်၍ ရေဝေးသုဿန် ပို့ဆောင် (ဓာတ်ပုံ)
DVB
·
July 11, 2018

1 / 4
ကွယ်လွန်သွားတဲ့ တေးရေး ဦးရဲလွင် (မဇ္ဈိမလှိုင်း)ရဲ့ ရုပ်အလောင်းကို ရေဝေးသုသာန်ကို နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ဦးဆောင်ပြီး ဒီနေ့ မနက်ပိုင်းက ပို့ဆောင်ခဲ့ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသူတွေကို ဂီတနဲ့ ကူညီခဲ့တဲ့ ပန်းရဲ့လမ်းအဖွဲ့က တေးရေး ဦးရဲလွင် အသက် ၇၀ဟာ ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်းက ကွယ်လွန်သွားခဲ့တာပါ။
ဇူလိုင် ၁၄ ရက်နေ့ ညနေ ၃ နာရီမှာ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
ဓာတ်ပုံ - လွင်မှိုင်း











