DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လယ်သမား​များ​ ရက်ဆက်ဆန္ဒပြခွင့်​ရပြီ
DVB
·
July 13, 2012
Donate to DVB

ရန်ကုန်တိုင်း​ မင်္ဂလာဒုံမြို့​နယ်က ​ရွှေနံ့​သာ​ကျေး​ရွာလယ်သမား​တွေရဲ့​ ဆန္ဒပြခွင့်​ပေး​ဖို့​ ​တောင်း​ဆိုတာကို အုပ်ချုပ်​ရေး​ အာဏာပိုင်​တွေဘက်က ခွင့်​ပြုလိုက်တာ​ကြောင့်​ လာမယ့်​ တနင်္ဂ​နွေ​နေ့​ကစပြီး​ ၄ ရက်ဆက်တိုက် ဆန္ဒပြ​တော့​မှာ ဖြစ်ပါတယ်။

အစိုး​ရက ဆန္ဒပြသခွင့်​နည်း​ဥပ​ဒေကို အတည်ပြုလိုက်တာ​ကြောင့်​ ဆန္ဒပြဖို့​ တရား​ဝင်​လျှောက်ထား​တာကို ခွင့်​ပြုလိုက်တာပါ။ ဒီဆန္ဒပြပွဲသာ ဖြစ်လာမယ့်​ဆိုရင် အစိုး​ရသစ်လက်ထက်မှာ ပထမဆုံး​အကြိမ် ဖြစ်သလို ၁၉၆၂ ခုနှစ်ကစလို့​ ထူး​ထူး​ခြား​ခြား​ ဆန္ဒပြခွင့်​ တရား​ဝင်ခွင့်​ပြုတာ ဖြစ်ပါတယ်။

ဇေကမ္ဘာကုမ္ပဏီနဲ့​ ​မြေယာပိုင်ဆိုင်မှု အငြင်း​ပွား​နေတဲ့​ မင်္ဂလာဒုံမြို့​နယ်က လယ်သမား​တွေက ဆန္ဒပြဖို့​ ​လျှောက်တာကို မြို့​နယ်မှူး​က ခွင့်​ပေး​လိုက်တာ ဖြစ်ပါတယ်။

ဆန္ဒပြတဲ့​ ရည်ရွယ်ချက်က​တော့​ တရား​ဥပ​ဒေစိုး​မိုး​ရေး​အတွက် ဖြစ်တယ်လို့​ လယ်သမား​တွေကို ကူညီတဲ့​ မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီဥက္ကဋ္ဌ ကို​နေမျိုး​ဝေက ​ပြောပါတယ်။

အဲဒီလယ်သမား​တွေဟာ ​ဇေကမ္ဘာကုမ္ပဏီကို ​မြေယာမှုခင်း​ ဖွင့်​ထား​ကြသူ​တွေပါ။ ပြီး​ခဲ့​တဲ့​လပိုင်း​က ​ရွှေနံ့​သာ ​ကျေး​ရွာ​မြေယာ​ကော်မတီက ​ဇေကမ္ဘာကုမ္ပဏီကိုသာ လယ်လုပ်ခွင့်​ပေး​ဖို့​ ဆုံး​ဖြတ်ခဲ့​ပါတယ်။ ဒီအ​ပေါ် အထက်အဆင့်​ မြို့​နယ်​မြေယာ​ကော်မတီကို တင်ရာမှာ လက်မခံတဲ့​အတွက် ဆန္ဒပြကြမှာလို့​ သူက ​ပြောပါတယ်။

“​ရွှေနံ့​သာ​ကျေး​ရွာ အုပ်ချုပ်​ရေး​မှူး​က ​ဇေကမ္ဘာကို သီး​စား​ချတယ်။ သီး​စား​ချတဲ့​အပြင် သူက အယူခံကို မြို့​နယ်အိုး​အိမ်ကို သွား​ပါဆို​တော့​။ နည်း​ဥပ​ဒေမှာ မြို့​နယ်အိုး​အိမ်မရှိပါဘူး​။ နည်း​ဥပ​ဒေ ၁၅ မှာက ရပ်​ကျေး​အုပ်ချုပ်​ရေး​၊​ ရပ်​ကျေး​မြေရာကုမ္ပဏီရဲ့​ အုပ်ချုပ်​ရေး​ကို သ​ဘောမကျရင် မြို့​နယ်​မြေယာ ​ကော်မတီ၊​ မြို့​နယ်​မြေယာ ​ကော်မတီကို သ​ဘောမကျရင် တိုင်း​အထိ​ပေါ့​။ အဲဒါကို ရက် ၃၀ အတွင်း​ အဆင့်​ဆင့်​သွား​ရမှာ ရှိတယ်။ မြို့​နယ်​မြေယာ​ကော်မတီဆိုတာက မြို့​နယ် အုပ်ချုပ်​ရေး​မှူး​ ဥက္ကဋ္ဌ၊​ မြို့​နယ် ​မြေစာရင်း​က အတွင်း​ရေး​မှူး​ အဲဒီလိုမျိုး​ လုပ်ရတာပါ။ အဲဒါကို အယူခံ လက်မခံတဲ့​အတွက် ကျ​နော်တို့​ ဆန္ဒပြရခြင်း​ ဖြစ်ပါတယ်ခင်ဗျ။”

မူလက ဆန္ဒပြဖို့​ လူ ၁၀၀၀ ခန့်​ တင်ထား​ပေမယ့်​ လူ ၂၀၀ သာ ခွင့်​ပြုတယ်လို့​ ဆိုပါတယ်။ တနင်္ဂ​နွေ​နေ့​ က​နေ ဗုဒ္ဒဟူး​နေ့​ထိ ၄ ရက်ဆက်တိုက် ဆန္ဒပြပွဲမှာ ​ရွှေနံ့​သာ၊​ ဆင်ပုံ၊​ သင်္ကန်း​ကျွန်း​ကြီး​၊​ သာဓုကန်၊​ ​လှော်ကား​၊​ သစ်ပင်နဲ့​ ​ထောင်တလုပ် စတဲ့​ရွာ​တွေက လယ်သမား​တွေ ပါဝင်မယ်လို့​ ဆိုပါတယ်။

သူတို့​တွေဟာ မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီ​ရှေ့​က​နေ လမ်း​သစ်လမ်း​အတိုင်း​ စီတန်း​လှည့်​လှည်ပြီး​ ပြည်လမ်း​ကတဆင့်​ ပဲခူး​လမ်း​ကို​ကွေ့​ပြီး​ မြနန္ဒာစည်ပင်သာယာပန်း​ခြံမှာ ​ဟော​ပြောကြမယ်လို့​ ဆိုပါတယ်။

ဆန္ဒပြခွင့်​ဥပ​ဒေကို လွှတ်​တော်မှာ အတည်ပြုပြီး​တာ မနှစ်ကတည်း​က ဖြစ်​ပေမယ့်​ နည်း​ဥပ​ဒေ မထွက်​သေး​ဘဲဖြစ်​နေတာ​ကြောင့်​ တရား​ဝင်ဆန္ဒပြနိုင်​ရေး​ ကြန့်​ကြာ​နေရတာပါ။

ဆန္ဒပြမယ့်​လယ်သမား​တွေဟာ စစ်အစိုး​ရလက်ထက်က သူတို့​လယ်​မြေဧက ၁ ​ထောင်နီး​ပါး​ကို စက်မှုဇုန်စီမံကိန်း​အတွက် သိမ်း​ဆည်း​ခံရတဲ့​ လယ်သမား​တွေဖြစ်ပြီး​ အရပ်သား​အစိုး​ရလက်ထက်မှာ လိုလား​ချက်​တွေကို ရဲရဲတင်း​တင်း​ ​တောင်း​ဆိုလာကြတာဖြစ်ပါတယ်။

လွန်ခဲ့​တဲ့​လပိုင်း​တွေတုန်း​က ဆန္ဒပြခွင့်​ဥပ​ဒေ ထွက်ရှိ​ပေမယ့်​ နည်း​ဥပ​ဒေ မထွက်​သေး​တာ​ကြောင့်​ ဆန္ဒပြပွဲ​တွေကို ထိန်း​သိမ်း​ရမယ့်​ ရဲတာဝန်ရှိသူ​တွေလည်း​ ဘယ်လိုကိုင်တွယ်ရမှန်း​မသိ ဖြစ်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013