DVB Logo
Home
မြန်မာသတင်း
အာဇာနည်နေ့အတွက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ လုံခြုံရေးတိုးမြှင့်
DVB
·
July 11, 2018
အာဇာနည်နေ့အတွက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ လုံခြုံရေးတိုးမြှင့်
Donate to DVB

၇၁ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနား လုံခြုံရေးအတွက် ရန်ကုန်မြို့ရဲ့ ဝင်ထွက်ပေါက်အားလုံးကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

အာဇာနည်နေ့အခမ်းအနားအတွက် ဇူလိုင်လ ၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က အင်အား ၃၀ ရာခိုင်နှုန်းနဲ့ ရန်ကုန်မြို့တွင်း လုံခြုံရေးဆောင်ရွက်နေတဲ့အပြင် ရန်ကုန်တိုင်း ဝင်ထွက်ပေါက် ၈ နေရာလုံးကို လက်ရှိအင်အားထက်လုံခြုံရေး အင်အား တိုးမြှင့်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲမှူးလှဝေက ပြောပါတယ်။

အာဇာနည်နေ့အခမ်းအနားကို အများပြည်သူတွေလာရောက်ပြီး ဂါရဝပြုရာမှာလည်း အရင်နှစ်တွေကလို တိုးကြိတ်သွားရတာမျိုးမဖြစ်စေဖို့အတွက် Water Box တွေနဲ့ စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့  သိရပါတယ်။

အာဇာနည်နေ့ အထိမ်းအမှတ် အများပြည်သူတွေကို လာရောက်ခွင့်ပေးထားတဲ့ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊  ဗိုလ်ချုပ်ကြေးရုပ်နဲ့ အတွင်းဝန်များရုံး နေရာတွေမှာလည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က လုံခြုံရေးအင်အားတိုးမြှင့်ချထားမှာဖြစ်ပါတယ်။

ဒါ့အပြင် အာဇာနည်ဗိမာန်ထဲကို အများပြည်သူတွေ ဝင်ရောက်ရာမှာ ပန်းခွေ၊ ပန်းခြင်း၊ ဗီနိုင်း၊ အလံ၊ တုတ်ဓားလက်နက်၊ လက်ကိုင်ဖုန်း၊ မီးခြစ်နဲ့ ပစ္စည်း ၉ မျိုးသယ်ဆောင်ခြင်းမပြုဖို့ လည်း ပိတ်ပင်တားမြစ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013