DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက်ကို စွဲချက်တင်သည့်ကိစ္စ တရားမျှတမှုမရှိဟု မီဒီယာကောင်စီဝေဖန်
DVB
·
July 10, 2018
ရိုက်တာသတင်းထောက်ကို စွဲချက်တင်သည့်ကိစ္စ တရားမျှတမှုမရှိဟု မီဒီယာကောင်စီဝေဖန်
Donate to DVB

ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ စွဲချက်တင်လိုက်တာဟာ တရားမျှတမှုမရှိဘူးလို့ သတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေနဲ့ ပြည်တွင်းနဲ့ ပြည်ပက သတင်းသမားတွေက ဝေဖန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ အင်းဒင်ကျေးရွာလူသတ်မှုကို ဖော်ထုတ်ရေးသားခဲ့တဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) နဲ့ စွဲချက်တင်ဖို့ တရားရုံးက မနေ့က အမိန့်ချလိုက်တာဖြစ်ပါတယ်။

ဒါဟာမျှတမှုမရှိဘူးလို့ သတင်းမီဒီယာကောင်စီ၊ ပြန်ကြားရေးတာဝန်ခံဖြစ်တဲ့ ဦးမြင့်ကျော်ကပြောပါတယ်။

“အခုလိုစွဲချက်တင်လိုက်တာဟာ အင်းဒင်ဖြစ်စဉ်လိုမျိုး အလားတူသတင်းကိစ္စတွေ သွားရောက်သတင်းယူရင်တောင် နိုင်ငံတော်လျှို့ဝှက်ချက်နဲ့ တရားစွဲဆိုခံရမလားဆိုတဲ့စိတ်မျိုး သတင်းသမားတွေကြားမှာ သက်ရောက်မှုတွေရှိလာနိုင်တယ်”

ဒီလိုဆုံးဖြတ်လိုက်တာဟာ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးအတွက်မကောင်းသလို မတရားမှုတွေနဲ့ ပတ်သတ်ပြီး သတင်းရယူဖော်ထုတ်ရေးသားရင် အခုလိုဥပဒေတွေတပ်ပြီး ဖမ်းဆီးခံရနိုင်သလို အကြောက်တရားဝင်လာမှာ စိုးရိမ်မိတယ်လို့ သတင်းစာဆရာ တစ်ယောက်ကပြောပါတယ်။

ဇူလိုင်လ ၉  ရက်နေ့က အမိန့်ချမှတ်ခဲ့တာနဲ့ ပတ်သတ်ပြီး အမေရိကန်၊ ဗြိတိသျှနဲ့ ဥရောပသမဂ္ဂ (အီးယူ) အပါအ၀င် ပြည်ပနိုင်ငံတွေနဲ့ နိုင်ငံတကာ သတင်းမီဒီယာ အဖွဲ့အစည်းတွေကလည်း သတင်းလွတ်လပ်ခွင့်ကိ ချိုးဖောက်မှုအဖြစ် ကန့်ကွက်ရှုတ်ချတဲ့ ကြေညာချက်တွေ  အသီးသီး ထုတ်ပြန်ထားပါတယ်။

ရိုက်တာသတင်းဌာနရဲ့ မြန်မာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ကို ဖမ်းဆီးစစ်ဆေးနေတာ ခုဆိုရင်  ၆ လကျော်ကြာ ရှိနေပြီလည်းဖြစ်ပါတယ်။

သူတို့ကို စွဲချက်တင်လိုက်တဲ့ နိုင်ငံတော်အစိုးရ လျှို့ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဟာ ကိုလိုနီခေတ်က ပြဋ္ဌာန်းထားတဲ့ဥပဒေဖြစ်ပြီး ပြစ်မှုထင်ရှားရင်  ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013