DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့နယ်တွင် ပါတီ ၄ ခု ကြားဖြတ်ရွေးကောက်ပွဲဝင်​​ပြိုင်မည်
DVB
·
July 10, 2018
မြင်းခြံမြို့နယ်တွင် ပါတီ ၄ ခု ကြားဖြတ်ရွေးကောက်ပွဲဝင်​​ပြိုင်မည်
Donate to DVB

လာမယ့် နိုဝင်​ဘာ ၃ ရက်​​မှာ ကျင်းပမယ့် ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ မြင်းခြံမြို့ နယ်​အတွက် ပါတီ ၄ ခုကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဝင်​​ရောက်​ယှဉ်​ပြိုင်​ အ​ရွေးချယ်​ခံသွားမှာ ဖြစ်​တယ်​လို့ မြင်းခြံမြို့နယ်​​ ရွေး​ကောက်​ပွဲ​ကော်​မရှင်​ရုံးက သိရပါတယ်​။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှာ  ပြည်​သူ့လွှတ်​​တော်အတွက်​ ၁ ​နေရာ၊ သပိတ်​ကျင်းမြို့နယ်​ မဲဆန္ဒနယ်အမှတ်​ (၁) အတွက် ၁ နေရာ ၊ တိုင်း​ဒေသကြီး လွှတ်​​တော်​ ကိုယ်​စားလှယ်​ ၁ ​နေရာနဲ့ ရှမ်းတိုင်းရင်းသား​ရေးရာ လွှတ်​​တော်​ကိုယ်​စားလှယ်​ ၁  ​နေရာ စုစုပေါင်း ၄ နေရာ တို့ လစ်​လပ်​​နေတာ​လည်း ဖြစ်​ပါတယ်​။

အဆိုပါ လစ်လပ်နေရာအတွက် ဝင်​​ရောက်​အ​ရွေးခံသွားမယ့် ပါတီတွေကတော့ ပြည်​သူ့အလုပ်​သမားပါတီ၊ လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီနဲ့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီတို့ ဖြစ်ပါတယ်။

၂၀၁၈ နိုဝင်​ဘာ ၃ရက် ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက် မြင်းခြံမြို့နယ်က မဲပေးရမယ့်​ မြို့ပေါ်ရပ်​ကွက်​ ( ၂၀ ) ရပ်​ကွက်​နဲ့ ကျေးရွာအုပ်​စု( ၈၅) အုပ်​စုရှိပါတယ်။

မဲဆန္ဒရှင်စာရင်းတွေကို ကော်မရှင်ရုံးခွဲတွေမှာ လက်ရှိ ကြေညာကပ်ထားပြီး မဲ​ပေးပိုင်​ခွင့်​ရှိသူ အရေအတွက် လက်​ရှိစာရင်းအရ ၂၂၀,၀၀၀ ကျော် ရှိတယ်​လို့ မြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ရုံးက ဒီဗွီဘီကိုပြောပါတယ်။


ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013