DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်အရှေ့တောင်ပိုင်းဒေသကပြည်သူများ ရေကာတာများကြောင့် ဒုက္ခရောက်နေ
DVB
·
July 10, 2018
မြန်မာပြည်အရှေ့တောင်ပိုင်းဒေသကပြည်သူများ ရေကာတာများကြောင့် ဒုက္ခရောက်နေ
Donate to DVB

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသမှာ ရေကာတာစီမံကိန်း ၁၀ခုကြောင့် ဒေသခံတွေ စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေတယ်လို့ ကရင်လူ့အခွင့်အရေး အဖွဲ့က ဒီကနေ့ ရန်ကုန်မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာပြည်အရှေ့တောင်ပိုင်းဒေသမှာ ဆောက်လုပ်ပြီးစီးတဲ့ရေကာတာစီမံကိန်း ၃ခုရှိပြီး ဆောက်လုပ်ဆဲ စီမံကိန်း ၇ ခုတည်ရှိပါတယ်။ အဲဒီစီမံကိန်းတွေအတွက် မြေယာသိမ်း ဆည်းတာတွေကြောင့် ဒေသခံပြည်သူတွေဟာ အလုပ်လက်မဲ့ဖြစ်ကြရပြီး စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရတယ်လို့ ကရင်လူ့အခွင့်အရေး အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စားဝတ်နေရေးအခက်အခဲကြောင့် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ခိုလှုံတဲ့ ဒေသခံအရေအတွက်ဟာလည်း များပြားလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က စောသာဘိုးက ပြောပါတယ်။

မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ဆောက်လုပ်နေတဲ့ ရေကာတာစီမံကိန်းတွေဟာ ရေအား လျှပ်စစ်ထုတ်ယူဖို့အဓိကထား တည်ဆောက်နေတာဖြစ်ပါတယ်။

စီမံကိန်းတွေကို ဆောင်ရွက်နေပေမယ့် ဒေသခံပြည်သူတွေကို မြေယာသိမ်းဆည်းပြီး လျှော်ကြေးပေးတာ၊ အလုပ်အကိုင်အခွင့်အလမ်း ပြန်ဖန်တီးပေးတာတွေကို အစိုးရက ဆောင်ရွက်ပေးခြင်းမရှိခဲ့တဲ့အတွက် ဒီအခြေအနေကို အစိုးရအနေနဲ့ ပြန်ဆန်းစစ်စေချင်တယ်လို့ ကရင်အရပ်ဖက်အဖွဲ့အစည်းက နော်ဂျက်စမင်းက ဆိုပါတယ်။

မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ဆောက်လုပ်နေတဲ့ ရေကာတာစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေက မကျေနပ်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပေမယ့် အစိုးရက အသိအမှတ်ပြုမှုမရှိခဲ့ပါဘူး။

အဆိုပါဒေသမှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ရေကာတာတွေကတော့ ရွှေကျင်၊ သောက်ရေခပ် ၂ နဲ့ ပသိစီမံကိန်းတွေဖြစ်ပြီး ဆောက်လုပ်ဆဲစီမံကိန်းတွေကတော့ ဟတ်ကြီး၊ သောက်ရေခပ် ၁၊ ဘောကထ၊ ဘီးလင်း၊ ပတ၊ မဲ့ကသာ၊ တနင်္သာရီစီမံကိန်းတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013