DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် ကလေးငယ်များကာကွယ်ဆေးထိုး မှတ်တမ်းစာအုပ်ရရန် ငွေကြေးပေးနေရ
DVB
·
July 10, 2018
မင်းပြားတွင် ကလေးငယ်များကာကွယ်ဆေးထိုး မှတ်တမ်းစာအုပ်ရရန် ငွေကြေးပေးနေရ
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းကျေးရွာမှာ ကလေးငယ်တွေ ကာကွယ်ဆေးထိုးတဲ့ မှတ်တမ်းကတ်ပြားစာအုပ်ကို ရရှိဖို့အတွက် တအုပ်ကို ငွေကျပ် ၁၀၀၀၀ ပေးခဲ့ရတယ်လို့  ငွေကြေးပေးခဲ့ရတဲ့ မိခင်တွေက ပြောပါတယ်။

ကလေးငယ်များကာကွယ်ဆေးထိုးခြင်း မှတ်တမ်းကတ်ပြားစာအုပ်ကိုရှိမှသာ ၂ နှစ် အောက် ကလေးငယ်တွေကို ထောက်ပံ့ကြေးငွေကို ရရှိကြမယ်ဆိုကာ ကျေးလက်ကျန်းမာရေး ဌာနမှာ သိမ်းဆည်းထားတဲ့ မှတ်တမ်းကတ်ပြားစာအုပ်ကိုထုတ်ယူခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် ကလေးငယ်များကာကွယ်ဆေးထိုးခြင်း မှတ်တမ်းကတ်စာအုပ်ကို ရရှိဖို့ အတွက် ခေါင်းလောင်း ချောင်းကျေးရွာမိခင် ၅၂ ဦး တယောက်ကို ကျပ် ၁၀၀၀၀ နှုန်းနဲ့ ဇူလိုင်၅ ရက်နေ့က ကျေးလက်ကျန်းမာရေးဌာနက အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်လှကျော့ဝင်းကို ပေးခဲ့ရတာလို့ ကာယကံရှင်ငွေကြေးပေးခဲ့သူ ခေါင်းလောင်းကျေးရွာက ဒေါ်အေးညွန့်ခင်က ဒီဗွီဘီကို ပြောပါတယ်။

“ကာကွယ်ဆေးထိုးကတ်ပြား စာအုပ်က သူနာပြုဆရာမ ဆီမှာရှိတာ။ ကလေးတွေ ဆေးထိုး ကတည်းက မပေးထားဘူး။ သိမ်းထားတာ။ အဲ့ဒါဒီကတ်ပြားရမှ ၂နှစ် အောက်ကလေးတွေအတွက် ထောက်ပံ့ကြေးငွေရမယ်ဆိုတော့ ဆရာမဆီမှာ သွားတောင်းကြတာပါ။ ပထမတောင်းတော့ ဆရာမက မရှိဘူးလို့ပြောပါတယ်။ ထောက်ပံ့ကြေးပေးတဲ့ သူကတော့ ဒီကတ်ပြားကိုမရဘဲ ငွေထုတ်ပေးလို့ရမှာ မဟုတ်ဘူးပြောတယ်။ အဲ့ဒါနဲ့ ဆရာမဆီကိုသွားကြပြန်ရော ဆေးခန်း ရောက်တာနဲ့ ဆရာမကပြောတယ်။ ပိုက်ဆံတသောင်းပေးမှ ဒီစာအုပ်ပေးနိုင်မယ်လို့ ပြောပါ တယ်။ တချို့မပေးနိုင်လို့ အိမ်ကိုပြန်ကြပါတယ်။ တချို့ကျတော့ ငွေချေးငှားလို့ ပေးတယ်” လို့ပြောပါတယ်။

မင်းပြားမြို့နယ် ခေါင်းလောင်းကျေးရွာကို မင်းပြားမြို့က သက်ဆိုင်တာဝန်ရှိသူတဦးက ရောက်ရှိလာပြီး ၂ နှစ်အောက်ကလေးငယ်တွေကို နိုင်ငံတော်က ထောက်ပံ့ပေးဖို့အတွက် လိုက်လံစာရင်းကောက်ယူခဲ့တာဖြစ်တယ်လို့ ခေါင်းလောင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးနီသာကျော်က ဒီဗွီဘီကိုပြောပါတယ်။

ကလေးငယ်များကာကွယ်ဆေးထိုးခြင်း မှတ်တမ်းကတ်စာအုပ်ကို ရရှိဖို့အတွက် ကလေးမိခင် ၅၂ ဦးက စာအုပ်တအုပ်ကို ငွေကြေး ၁၀၀၀၀ သောင်းပေးခဲ့ရတယ်လို့ ကာယကံရှင်းပေးခဲ့ရသူ ခေါင်းလောင်းကျေးရွာ ဒေါ်ဝင်းစန္ဒာက ဒီဗွီဘီကိုပြောပါတယ်။

“ဆရာမက ငါ့အတွက်ဘာအကျိုးရလာဒ်မရှိဘဲ ဒီစာအုပ်ဘာလို့ထုတ်ပေးရမလဲလို့ ပြောတယ်။ မရဘူး။ အလုပ်ရှုပ်တယ်လို့ပြောတယ်။ စာအုပ်ကိုမထုတ်ပေးနိုင်ဘူးလို့ပြောတယ်။ နောက်တခါ နင်တို့မလာနဲ့လို့ ဆရာမကပြောတယ်။ အဲ့ဒါနဲ့ ညီမတို့ ကလေးငယ်တွေချီပြီး ကျန်းမရေးဌာနရှေ့ မိုးတွေကရွာရင်းနဲ့ စောင့်နေရတယ်။ နောက်ဆုံးတော့အဲ့ဒါနဲ့ ဆရာမက ဒီစားပွဲခုံပေါ်မှာ ပိုက်ဆံ ၁ သောင်းချပေးတဲ့သူက စာအုပ်ကိုထုတ်ပေးမယ်။ မပေးရင်တော့ စာအုပ်ကို မထုတ်ဘူးလို့ပြောပါတယ်။ အဲ့ဒါနဲ့ အစ်မတို့ စာအုပ်ကို လိုချင်လို့ ၁သောင်းပေး ခဲ့ရတယ်။ ပေးခဲ့ရတဲ့အာလုံး စုစုပေါင်း၅၂ ဦးပေးခဲ့ရတာပါ။

အခုကိစ္စနဲ့ပတ်သက်လို့ ခေါင်းလောင်းချောင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနက အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်လှကျော့ဝင်းကို ဒီဗွီဘီက ဒီကနေ့ နေ့လယ်ပိုင်းမှာ မေးမြန်ရာမှာတော့ “ကျမကတော့တောင်းခံတာ မဟုတ်ပါဘူး။ သူတို့ဆန္ဒအရပေးတာပါ။ သူတို့ ဒီစာအုပ်လိုချင်တယ်။ အသကုန်တောင်းကြတာ။ ပိုက်ဆံပေးတာကလည်း သူတို့လက်နဲ့ သူတို့ ပေးကြတာ၊ စုစုပေါင်း ၂ သိန်းနဲ့ ၇ သောင်းလောက်ပဲရတယ်။ ကျမမှတ်မိ သလောက်တော့ လူပေါင်း၄၀ ကျော်လောက်တော့ရှိမယ်”လို့ပြောပါတယ်။

မွေးစာရင်းအပါအဝင် ကာကွယ်ဆေးထိုးမှတ်တမ်းကတ်ပြားပဲဖြစ်ဖြစ်၊ မိခင်တွေရဲ့ ကတ်ပြားဖြစ်ဖြစ် ငွေကြေးကောက်ခံဖို့ ညွှန်ကြားထားတာမရှိဘူးလို့ မင်းပြားမြို့နယ် ပြည်သူ့ ကျန်းမာရေး ဌာနဦးစီးမှူး ဒေါက်တာ စောမြထွန်းက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်ကတော့ မွေးစာရင်းပဲဖြစ်ဖြစ်၊ ကားကွယ်ဆေးထိုးမှတ်တမ်းကတ်ပြားပဲဖြစ်ဖြစ်၊ မိခင်တွေရဲ့ကတ်ပြားပဲ ဖြစ်ဖြစ်ဆောင်ရွက်နေတဲ့နေရာမှာ အားလုံးအခမဲ့ပါပဲ။ ငွေကြေးနဲ့ ပတ်သက်လို့ ကောက်ခံဖို့ညွှန်ကြားထား တာမရှိပါဘူး၊ ကျနော်တို့ ကျန်းမာရေးဌာနအနေနဲ့ အခမဲ့ပါပဲခင်ဗျ”လို့ပြောပါတယ်။

ဒါအပြင် ငွေကောက်ခံတာတွေ နစ်နာတာတွေရှိရင် သက်ဆိုင်ရာကျန်းမာရေးဌာန တွေကို လာရောက်တိုင်းကြားဖို့သလို ငွေကြေးကောက်ခံနေတာတွေရှိရင် သက်ဆိုင်ရာဌာနက တဆင့် အရေးယူတာတွေလုပ်ဆောင်သွားမယ်လို့ မင်းပြားမြို့နယ် ပြည့်သူဌာနဦးစီးမှူး ဒေါက်တာစောမြထွန်းက ဒီဗွီဘီကိုပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013