DVB Logo
Home
မြန်မာသတင်း
စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ငွေအရင်းအနှီးမရှိသည့် ပြဿနာကြုံတွေ့နေ
DVB
·
July 10, 2018
စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ငွေအရင်းအနှီးမရှိသည့် ပြဿနာကြုံတွေ့နေ
Donate to DVB

မြန်မာနိုင်ငံက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတွေ အကောင်အထည် ဖော်ရာမှာ ငွေအရင်းအနှီးမရှိတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအနေနဲ့ အဓိကရင်ဆိုင်ကြုံတွေ့နေရတဲ့ ငွေကြေးအပြင် ဈေးကွက်မှာ ရောင်းနိုင်ဖို့နဲ့ နည်းပညာပိုင်းတွေမှာပါ အားနည်းချက်တွေရှိနေပါတယ်။

အခုလို စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို  ဖြေရှင်းပေးနိုင်ဖို့ အခွင့်အလမ်းကောင်းတွေနဲ့ ချိတ်ဆက်ပေးမယ့် တတိယအကြိမ်မြောက် စွန့် ဦးတီထွင်ပွဲတော်ကို ကျင်းပပေးသွားမယ်လို့  မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

လာမယ့် သြဂုတ် ၃ ရက်ကနေ ၅ ရက်နေ့အထိ ကျင်းပမယ့် စွန့်ဦးတီထွင်ပွဲတော်ကိုတော့ ရန်ကုန်မြို့မှာရှိ တပ်မေတော်ခန်းမမှာ ကျင်းပသွားမှာပါ။

လူငယ်တွေအနေနဲ့ အလုပ်အကိုင်မဲ့တာမျိုး မဖြစ်ရအောင်  စွန့်ဦးတီထွင်တဲ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ပြီး အောင်မြင်မှုတွေရရှိအောင် ဒီပွဲကနေ လမ်းညွှန်ပြသပေးနိုင်မှာဖြစ်တယ်လို့  မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း နာယက ဒေါက်တာသဲမြတ်စိုးကပြောပါတယ်။

မြန်မာ့စီးပွားရေးလုပ်ငန်းရဲ့  ၉၉ ရာခိုင်းနှုန်းက SME လုပ်ငန်းတွေဖြစ်ပြီး ဝန်ဆောင်မှုလုပ်ငန်း၊ တနိုင်တပိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနဲ့  ခရီးသွားလုပ်ငန်းစတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013