DVB Logo
Home
မြန်မာသတင်း
ဝန်​ထမ်း ၄ ဦးကို ပါးရိုက်​ခဲ့သည့် လုံခြုံရေးအရာရှိအား ရေနံ​မြေအလုပ်​သမားများ ရှုတ်ချ
DVB
·
July 10, 2018
ဝန်​ထမ်း ၄ ဦးကို ပါးရိုက်​ခဲ့သည့် လုံခြုံရေးအရာရှိအား ရေနံ​မြေအလုပ်​သမားများ ရှုတ်ချ
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး ​မန်း​ရေနံ​မြေမှာ ဝန်​ထမ်း ၄ ဦးကို ​ရေနံ​မြေ လုံခြုံ​ရေးအရာရှိတဦးက ပါးရိုက်​ခဲ့တဲ့အ​ပေါ် ရေနံ​မြေအလုပ်​သမားသမဂ္ဂအဖွဲ့တွေက ကန့်​ကွက်​ရှုတ်ချ​ကြောင်း ဒီနေ့ သ​ဘောထား ထုတ်​ပြန်​လိုက်ပါတယ်။

ဇွန်​လ ၃၀ ရက်​ ည​က​ မန်း​ရေနံထုတ်​လုပ်​​ရေးဌာနမှ ဝန်​ထမ်း ၁ ဦးနဲ့ လုံခြုံ​ရေးဌာန ဝန်​ထမ်း ၃ ဦးတို့ကို မန်း​ရေနံ​မြေလုံခြုံ​ရေးအရာရှိတဦးက ပါးရိုက်ခဲ့တဲ့အတွက် ဝန်​ထမ်းတွေရဲ့ လူ့ဂုဏ်​သိက္ခာကျဆင်း​စေပြီး စိတ်​ပိုင်းဆိုင်​ရာ ထိခိုက်ခဲ့တာကြောင့် မန်းရေနံမြေ ဇူလိုင်​က ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အစည်းအဝေး ဆုံးဖြတ်ချက်​အရ သမဂ္ဂအားလုံးက ကန့်​ကွက်​ရှုတ်ချ​ကြောင်းဒီနေ့ ထုတ်​ပြန်​လိုက်​တာပါ။

ရွှေရည်​​မြေလတ်​ ရေနံ​မြေ အလုပ်​သမားအဖွဲ့အစည်းဥက္ကဋ္ဌ ဦး​လေးနိုင်​က “မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ယူထားပါတယ်။ အခု သဘောထားထုတ်ပြန်ချက်ကလည်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ရေနံသမဂ္ဂတွေအားလုံး ထုတ်ပြန်ဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ”လို့ ပြောပါတယ်။

ပါးရိုက်ခံရတာကို မကျေနပ်တဲ့အတွက် ကူညီဆောင်ရွက်ပေးဖို့ ကာယကံရှင်​ အလုပ်သမား နှစ်ဦးက မန်းရေနံ ရွှေမန်းသာယာ အခြေခံသမဂ္ဂအဖွဲ့အစည်းကို တိုင်ကြားလာတာကြောင့် အလုပ်သမားအဖွဲ့တွေက ခုလို သဘောထားထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013