DVB Logo
Home
မြန်မာသတင်း
မိုင်းကိုင်မြို့နယ်တွင် တပ်မတော်နှင့် RCSS/SSAအဖွဲ့ တိုက်ပွဲဖြစ်
DVB
·
July 10, 2018
မိုင်းကိုင်မြို့နယ်တွင် တပ်မတော်နှင့် RCSS/SSAအဖွဲ့ တိုက်ပွဲဖြစ်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ဟိုခိုင်းကျေးရွာအနီး တပ်မတော်စစ်ကြောင်း တခုက  နယ်မြေရှင်းလင်းစဉ် ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) တပ်ဖွဲ့တခုနဲ့ မနေ့ နေ့လယ်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဇူလိုင် ၉ရက် နေ့လယ် ၁၂ နာရီလောက်ကနေ ၁ နာရီခွဲလောက်အထိ ကျိုင်းတောင်းမြို့ အခြေစိုက်အစိုးရ တပ်မတော် ခြေမြန်တပ်ရင်းအမှတ် (၅၆၉) တပ်ရင်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ RCSS/ SSA ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

“မိုင်းကိုင်မြို့နယ် ဟိုခိုင်းရဲ့အနောက်လောက်မှာဖြစ်တာ။ မိုင်းကိုင်နဲ့ဆိုရင် လေးငါးမိုင် လောက်ဝေးတယ်။ အဓိကက တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့်ဖြစ်တာပါ။ အဲဒီ နေရာတွေမှာ ကျနော်တို့လူတွေ လှုပ်ရှားနေတာကြာပါပြီ၊ ကျနော်တို့ကို သတ်မှတ်နေရာမှာ သွားဖို့ဘာညာဆိုပြီးတော့ ပြောတာရှိပါတယ်။ သတ်မှတ်နေရာဆိုတာ ကျနော်တို့အရင်က တည်းက ကျနော်တို့ နှစ်ဖက်သဘောတူ သတ်မှတ်ထားတာမရှိပါဘူး။ ကျနော်တို့ ဗဟိုဌာန ချုပ်နယ်မြေလို့ပဲ သတ်မှတ်တာပါ။ ဒါပေမယ့် အဲဒီသတ်မှတ်တဲ့နေရာတွေမှာလည်း ကျနော်တို့ သွားနေလို့မရခဲ့ပါဘူး။”

ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(အန်စီအေ)ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်သလို မနက်ဖြန် ဇူလိုင် ၁၁ ရက်နေပြည်တော်မှာကျင်းပမယ့် ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို တက်ရောက်ဖို့လည်း ရှိနေတာပါ

ဒီလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးမပြုလုပ်ခင် ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး မလုပ်သင့်ဘူးလို့လည်း ဒုဗိုလ်မှူးကြီးစိုင်းဦးက ပြောပါတယ်။

“အခုလိုအချိန်မှာ အမှန်ဆိုရင် အရေးကြီးတဲ့အခြေအနေမှာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ဒါမျိုးထိတွေ့မှုဖြစ်တယ်ဆိုတာ နှစ်ဖက်လုံးက မဖြစ်သင့်ဘူးပေါ့နော်။”

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

RCSS/SSA ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(အန်စီအေ) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ၃ နှစ်နီးပါး ကာလအတွင်း တပ်မတော်နဲ့  တိုက်ပွဲပေါင်း ၂၀ ကျော်ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013