DVB Logo
Home
မြန်မာသတင်း
ဒလမြို့နယ်ရှိ မဟာသင်္ကြန် ဘုရားကြီး ရေကန်အတွင်း ငါးများသေဆုံး
DVB
·
July 10, 2018
ဒလမြို့နယ်ရှိ မဟာသင်္ကြန် ဘုရားကြီး ရေကန်အတွင်း ငါးများသေဆုံး
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် ညောင်ကုန်းရပ်ကွက်ရှိ  ပြည်သူအများ သောက်သုံးနေတဲ့ မဟာသင်္ကြန် ဘုရားကြီး သောက်ရေကန်မှာ ငါးတွေသေဆုံးနေတာ တွေ့ရှိလို့ ရေကန်ကို ယာယီပိတ်ထားတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဒလမြို့နယ် မျက်ရှင်တော်ဆုတောင်းပြည့် မဟာသင်္ကြန် ဘုရားကြီးရဲ့ အနောက်ဘက်ရှိ သောက်ရေကန်မှာ ဇူလိုင် ၇ ရက်ကစပြီး ငါးကြင်း၊ ရွှေငါးနဲ့ ငါးပတ်စတဲ့ ငါးအမျိုးအစားတွေ အပါအ၀င် ငါးတစ်ကောင်ကို အလေးချိန် (၂) ပိဿာမှ (၃) ပိဿာခန့်ထိရှိတဲ့ ငါးအကောင်ရေ ၄၀ ကျော် သေဆုံးခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။

အဆိုပါ သောက်သုံး ရေကန်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခေတ္တယာယီပိတ်ထားပြီး ငါးတွေ သေဆုံးတဲ့ အဖြေမှန်သိရှိနိုင်ဖို့  တွံတေးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနက ဓါတ်ခွဲစမ်းသပ်နေသလို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်း ဆိုပါတယ်။

မဟာသင်္ကြန် ဘုရားကြီး သောက်သုံးရေကန်ကြီးဟာ ရပ်ကွက်အတွင်းက ဒေသခံတွေ အားထားပြီး သောက်သုံးနေရတဲ့ ရေကန်လည်းဖြစ်ပြီး  နှစ်စဉ်နှစ်တိုင်း နွေရာသီမှာ ရေခန်းခြောက်ခြင်းမရှိသလို ရေကန်ထဲမှာ နှစ်ချို့ ငါးကြီးတွေ မွေးထားတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013