DVB Logo
Home
မေးမြန်းခန်း
ရိုဟင်ဂျာအ​ရေး​ အစိုး​ရရပ်တည်ချက် ရခိုင်ပါတီကြိုဆို
DVB
·
July 13, 2012
ရိုဟင်ဂျာအ​ရေး​ အစိုး​ရရပ်တည်ချက် ရခိုင်ပါတီကြိုဆို
Donate to DVB

ရခိုင်ပြည်နယ်ထဲကို ခိုး​ဝင်လာတဲ့​ ရိုဟင်ဂျာ​တွေကို ကုလသမဂ္ဂ ဒုက္ခသည်ထံ လွှဲ​ပြောင်း​အပ်နှံမှာဖြစ်ပြီး​ သူတို့​ကို လက်ခံမယ့်​ တတိယနိုင်ငံကို ပို့​ပေး​မယ်လို့​ သမ္မတ ဦး​သိန်း​စိန်က အစိုး​ရရဲ့​ သ​ဘောထား​ကို ထုတ်ပြန်လိုက်တဲ့​အ​ပေါ် ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီက ကြိုဆိုလိုက်ပါတယ်။

[caption id="attachment_22609" align="alignleft" width="188" caption="ဒေါက်တာ အေးမောင်"][/caption]
ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်ကို ​မေး​မြန်း​ထား​ပါတယ်။

သမ္မတရဲ့​ ရပ်တည်ချက်အ​ပေါ် ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီရဲ့​ သ​ဘောထား​ကို ​ပြောပြ​ပေး​ပါ။

“ကျ​နော်တို့​က ၁၉၈၂ မြန်မာနိုင်ငံသား​ဥပ​ဒေအရ တိတိကျကျ စိစစ်ပြီး​ခါမှ ကျ​နော်တို့​နိုင်ငံထဲကို တရား​မဲ့​ ကူး​ဝင်လာတဲ့​ ပုဂ္ဂိုလ်​တွေကို သက်ဆိုင်တဲ့​ ကုလသမဂ္ဂဒုက္ခသည်များ​ဆိုင်ရာ မဟာမင်း​ကြီး​ရုံး​ရဲ့​ ​ပေး​ကမ်း​ကူညီ​ထောက်ပံ့​မှုနဲ့​ပဲ ​ကျွေး​မွေး​ထား​ရင်လည်း​ ထား​ဖို့​အတွက်၊​ တခြား​နိုင်ငံက ဒုက္ခသည်​တွေလိုပဲ သီး​သန့်​ ဒုက္ခသည်စခန်း​ထား​ပြီး​တော့​ တခြား​ တတိယကမ္ဘာ၊​ သင့်​လျော်တဲ့​နိုင်ငံ​ပေါ့​နော် ​စေတနာ ​မေတ္တာများ​သည့်​ မိမိတို့​နိုင်ငံမှာထား​ပြီး​ နိုင်ငံသား​အဖြစ် သွတ်သွင်း​လိုသည်ဆိုတဲ့​ နိုင်ငံ​တွေ ​ပေါ်လာမှာပဲ​လေ။ ဥပမာ အာရပ်ကမ္ဘာက နိုင်ငံ​တွေ၊​ အ​ရှေ့​တောင်အာရှမှာဆိုရင် အင်ဒိုနီး​ရှား​၊​ မ​လေး​ရှား​လို ဘာသာတူနိုင်ငံ​တွေ။ အ​မေရိကန်လို လူမျိုး​မ​ရွေး​ ဘာသာမ​ရွေး​ လက်ခံတဲ့​ နိုင်ငံ​တွေ၊​ သက်ဆိုင်တဲ့​ လူ့​အခွင့်​အ​ရေး​တွေအရ နိုင်ငံသား​ဥပ​ဒေအရ လက်ခံဖို့​ ကျ​နော်တို့​ဘက်ကလည်း​ ​တောင်း​ဆိုတာ​ပေါ့​။ နိုင်ငံ​တော်သမ္မတကြီး​က ​ဆွေး​နွေး​တဲ့​အ​ပေါ်မှာလည်း​ ကျ​နော်တို့​နဲ့​ သ​ဘောထား​တိုက်ဆိုင်မှု ရှိတယ်လို့​ သ​ဘောထား​မှတ်ချက်နဲ့​ ​ထောက်ခံပါတယ်။”

ရခိုင်ပြည်နယ်ထဲမှာ ဘင်္ဂါလီ​တွေက လက်ရှိလုပ်ငန်း​တွေကို စွန့်​လွှတ်ပြီး​တော့​ ဒုက္ခသည်စခန်း​ကိုဝင်ဖို့​ ဖြစ်နိုင်​ခြေရှိပါ့​မလား​။ ဒီအစီအစဉ်က ​အောင်မြင်နိုင်ပါ့​မလား​။

“စိစစ်ပြီး​ဖော်ထုတ်ရင် ရနိုင်ပါတယ်။ ကျ​နော်တို့​လုပ်ရမယ့်​ဟာ အဆင့်​ဆင့်​ရှိတာ​ပေါ့​။ ၁၉၈၂ မြန်မာနိုင်ငံသား​ဥပ​ဒေကို လက်တလုံး​ခြား​လုပ်ပြီး​ မြန်မာနိုင်ငံအနှံ့​မှာ နည်း​မျိုး​စုံနဲ့​ မှတ်ပုံတင်ထုတ်​ပေး​တာတို့​၊​ မှတ်ပုံတင်ထုတ်​ပေး​နိုင်​အောင် အား​ပေး​ကူညီကြတဲ့​ ပုဂ္ဂိုလ်​တွေကို၊​ ၁၉၈၂ ဥပ​ဒေကို ​ဖောက်ဖျက်ခဲ့​တဲ့​ပုဂ္ဂိုလ်​တွေရှိရင်လည်း​ပဲ စိစစ်​ဖော်ထုတ်ဖို့​ အထူး​ကော်မရှင် တခု လိုပါတယ်။ ​နေရာစုံမှာ ပျံ့​နှံ့​ပြီး​နေကြတဲ့​ပုဂ္ဂိုလ်​တွေမှာ ၁၉၈၂ ဥပ​ဒေအရ နိုင်ငံသား​ဖြစ်သင့်​ဖြစ်ထိုက်တဲ့​ ပုဂ္ဂိုလ်​တွေလည်း​ ရှိမှာပါပဲ။ သူတို့​ကို မြန်မာနိုင်ငံသား​ဥပ​ဒေအရ သက်ဆိုင်တဲ့​ ပုဂ္ဂိုလ်​တွေ၊​ သက်ဆိုင်တဲ့​ စီမံချက်နဲ့​ စိစစ်​ဖော်ထုတ်ပြီး​ခါမှ မြန်မာနိုင်ငံသား​အဖြစ် ​နေထိုင်ခွင့်​ပြုပြီး​တဲ့​အခါမှ ခုနကလို နည်း​မျိုး​စုံနဲ့​ ခိုး​ဝင်လာတဲ့​ ပုဂ္ဂိုလ်များ​တွေကို ​ဖော်ထုတ်ပြီး​ခါမှလည်း​ သုံး​မျိုး​သုံး​စား​ ပြန်စိစစ်ဖို့​လိုပါတယ်။ စိစစ်တဲ့​လုပ်ငန်း​ကလည်း​ မခက်ပါဘူး​။ ဖြစ်ပါတယ်။”

ဒေါက်တာ​ပြောတဲ့​ ၁၉၈၂ ခုနှစ် နိုင်ငံသား​ အက်ဥပ​ဒေက ​ခေတ်​နောက်ကျ​နေပြီ။ အဲ့​လို​ပြောပြီး​ ပြည်ပမှာ​ရောက်​နေတဲ့​ Burma Partnership လိုမျိုး​ အဖွဲ့​အစည်း​တော်​တော်များ​များ​က​နေ ရိုဟင်ဂျာ​တွေကို မြန်မာနိုင်ငံသား​အဖြစ် အသိအမှတ်ပြု​ရေး​ လူ့​အခွင့်​အ​ရေး​ရှု​ထောင့်​က​နေ သူတို့​ဟာလည်း​ လူသား​တွေ ဖြစ်တယ်ဆိုပြီး​ ​တောင်း​ဆိုလာတာ ​တွေ့​ရပါတယ်။ ဒီအ​ပေါ်မှာ​ရော ၁၉၈၂ ခုနှစ် ဖွဲ့​စည်း​ပုံမှာ ထပ်ပြီး​တော့​ချဲ့​ပေး​လို့​ မရဘူး​လား​။ သူတို့​ရဲ့​ ​နေထိုင်မှု၊​ အသက်ရှင်ရပ်တည်မှု အတွက်​လေ။ ဘယ်လိုမြင်ပါလဲ။

“နိုင်ငံတခုမှာ နိုင်ငံသား​ဥပ​ဒေတခုက​တော့​ တိတိကျကျရှိဖို့​ လိုအပ်ပါတယ်။ ကျ​နော်တို့​နိုင်ငံလို ပထဝီနိုင်ငံ​ရေး​အား​ဖြင့်​ အင်မတန်ကြီး​မား​၊​ လူဦး​ရေ​ပေါက်ကွဲမှု ဖြစ်​နေတဲ့​ နိုင်ငံ​တွေ ကြား​မှာရှိတဲ့​၊​ ပြီး​ရင် နိုင်ငံ ဧရိယာအား​ဖြင့်​လည်း​ မျှမျှတတ လုပ်ကိုင်စား​သောက်​နေထိုင်နိုင်တဲ့​ နိုင်ငံမျိုး​တွေမှာ ပျံ့​နှံ့​စိမ့်​ဝင်မှု​တွေဟာ ရှိတတ်တယ်ဆိုတာ ကျ​နော်တို့​ရဲ့​ နိုင်ငံသား​ဥပ​ဒေ​တွေကို ကိုယ့်​ရဲ့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေနဲ့​ ပြန်လည်စိစစ်၊​ သုံး​သပ်ရင်လည်း​ သုံး​သပ်​ပေါ့​လေ။ ဒီထက်တိတိကျကျ တင်း​တင်း​ကျပ်ကျပ်ဖြစ်တဲ့​ နိုင်ငံသား​ဥပ​ဒေ ပြဋ္ဌာန်း​ဖို့​လည်း​ လိုပါတယ်။ အဲလိုပဲ ကျ​နော်တို့​ နိုင်ငံထဲကို စိမ့်​ဝင်လာတဲ့​ အကြမ်း​ဖက်သမား​တွေ မ​ရောက်ရှိဖို့​အတွက်လည်း​ ကျ​နော်တို့​ရဲ့​ အမိ​မြေ လုံခြုံ​ရေး​ ဥပ​ဒေလိုဟာမျိုး​ ပြဋ္ဌာန်း​ထား​ဖို့​လိုပါတယ်။ မိမိနိုင်ငံတခုရဲ့​ ပထဝီတည်ရှိမှုကို မူတည်ပြီး​ကာမှ ပြည်​ထောင်စုတခုလုံး​မှာရှိတဲ့​ လွှတ်​တော်အမတ်​တွေအား​လုံး​က အတည်ပြုထား​ပေး​ခဲ့​မယ်ဆိုရင် ဥပ​ဒေကို ကျ​နော်တို့​ကလက်ခံရမှာဖြစ်တယ်။ အဲဒီ ဥပ​ဒေကိုလည်း​ ​ခေတ်ကာလ အ​ခြေအ​နေအ​လျောက် ကျ​နော်တို့​က ပြန်လည်သုံး​သပ်ပြီး​မှ နိုင်ငံတကာမှာကျင့်​သုံး​တဲ့​ လူ့​အခွင့်​အ​ရေး​စံ၊​ တခြား​ မိမိနိုင်ငံရဲ့​ အန္တရာယ်အသွယ်သွယ် ကာကွယ်ကြမယ့်​ အချုပ်အခြာအာဏာ ရပ်တည်နိုင်မှုစံ ဒါ​တွေအကုန်လုံး​ကို သုံး​သပ်ပြီး​မှ ၁၉၈၂ နိုင်ငံသား​ဥပ​ဒေကို ဒီထက်ပိုပြီး​ကောင်း​အောင် ပိုပြီး​တော့​လည်း​ တိတိကျကျရပ်တည်နိုင်​အောင် သုံး​သပ်မယ်ဆိုရင်လည်း​ ကျ​နော်တို့​က ​ထောက်ခံပါတယ်။ ကျ​နော်တို့​က​တော့​ နိုင်ငံတခုရဲ့​ နိုင်ငံသား​ဥပ​ဒေဆိုတာ မိမိနိုင်ငံတခုရဲ့​ အချုပ်အခြာအာဏာနဲ့​ တည်ရှိမှုအ​ပေါ်မှာ နိုင်ငံသား​အား​လုံး​ ​လေး​စား​လိုက်နာရတဲ့​ ဥပ​ဒေမို့​လို့​ ပြည်ပအဖွဲ့​အစည်း​တွေ၊​ တခြား​နိုင်ငံ​တွေရဲ့​ ဆက်ဆံမှုအ​ပေါ်မှာ ကျ​နော်တို့​က​တော့​ လက်ခံမှာမဟုတ်ပါဘူး​။

မိမိနိုင်ငံရဲ့​ ရပ်တည်ချက်အတိုင်း​ပဲ သတ်သတ်မှတ်မှတ် ပြတ်ပြတ်သား​သား​ နိုင်ငံသား​ဥပ​ဒေအ​နေနဲ့​ ​ရေး​ဆွဲခဲ့​တဲ့​ ၁၉၈၂ နိုင်ငံသား​ ဥပ​ဒေ ​ပေါ်​ပေါက်တဲ့​ အ​ခြေအ​နေ အကုန်လုံး​ကို ပြန်သုံး​သပ်ရင် ၁၉၇၈ မှာ မိမိနိုင်ငံထဲကို နည်း​မျိုး​စုံနဲ့​ စိမ့်​ဝင်​နေတဲ့​ အ​ခြေအ​နေအရပ်ရပ်ကို သိလို့​သာ အဲဒီကာလက ဦး​နေဝင်း​ ဦး​ဆောင်တဲ့​ မြန်မာ့​ဆိုရှယ်လစ် လမ်း​စဉ်ပါတီအစိုး​ရဟာ နဂါး​မင်း​စစ်ဆင်​ရေး​ကို လုပ်ပြီး​ တကယ်စစ်​ဆေး​တဲ့​ကာလမှာ နိုင်ငံပြင်ပမှာရှိတဲ့​ သူ​တွေက မြန်မာနိုင်ငံရဲ့​ လက်ရှိ စစ်အာဏာသိမ်း​ပြီး​ကာမှ ​ပြောင်း​လဲ​နေတဲ့​ မြန်မာ့​ဆိုရှယ်လစ်လမ်း​စဉ်အ​ပေါ်မှာ တမျိုး​ ဖိအား​ပေး​တဲ့​အ​နေနဲ့​ အဲဒီကာလတုန်း​ကလည်း​ စွက်ဖက်မှု​တွေ​ကြောင့်​ လက်ခံခဲ့​ရတယ်ဆိုတာ ကျ​နော်တို့​ သိရပါတယ်။ ဒီထက်မကများ​တဲ့​ အင်အား​တွေ ​ရောက်ရှိ​နေထိုင်ခဲ့​ကြတာ​တွေ ရှိခဲ့​ပါတယ်။ အဲလိုပဲ ၁၉၉၀ ပြည့်​လွန်မှာ ဖြစ်သွား​တဲ့​ ကိစ္စမျိုး​မှာလည်း​ အဲဒီကာလက စစ်အာဏာရှင်ဆိုတဲ့​အသုံး​အနှုန်း​၊​ ခုနကလို လူသား​ချင်း​ကိုယ်ချင်း​စာတဲ့​ဆိုတဲ့​ မြန်မာနိုင်ငံအ​ပေါ်မှာမြင်တဲ့​ လူ့​အခွင့်​အ​ရေး​ဆိုတဲ့​ ​ပေတံနဲ့​ တိုင်း​လိုက်တဲ့​အခါကျ​တော့​ နည်း​မျိုး​စုံနဲ့​ အစိုး​ရကို ဖိအား​ပေး​နေကြတာ ရှိပါတယ်။ ဒါ​ပေမယ့်​ အခုချိန်မှာ​တော့​ ဖိအား​တွေကို ပြန်​ပေး​ကြမယ်ဆိုရင် ဒီ​ဒေသရဲ့​ သမိုင်း​အစဉ်အလာ၊​ ဒီ​ဒေသမှာရှိတဲ့​ တိုင်း​ရင်း​သား​မျိုး​နွယ်စုတခုရဲ့​ ရုန်း​ကန်​နေရတဲ့​ အ​ခြေအ​နေ​ပေါ်မှာ မူတည်ပြီး​ကာမှ ကမ္ဘာ့​အ​ခြေအ​နေအရပ်ရပ်ကို သုံး​သပ်ပြီး​ နိုင်ငံတကာရဲ့​ ဖိအား​တွေကိုလည်း​ ပြန်လည်သုံး​သပ်ဖို့​လိုပြီလို့​ ကျ​နော်တို့​ ယူဆပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013