DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း သစ်တောများပြန်လည်ထူထောင်ရေး ပျိုးပင် ၉ သိန်းခန့် အစားထိုးစိုက်ပျိုး
DVB
·
July 9, 2018
မကွေးတိုင်းအတွင်း သစ်တောများပြန်လည်ထူထောင်ရေး ပျိုးပင် ၉ သိန်းခန့် အစားထိုးစိုက်ပျိုး
Donate to DVB

မကွေးတိုင်းဒေသကြီးအတွင်း သစ်တောများပြန်လည် ထူထောင်ရေး စီမံချက်နဲ့ အခုနှစ် အတွင်း အစားထိုးပျိုးပင် ၉ဝဝဝဝဝ ခန့်ဖြန့်ဝေစိုက်ပျိုးနေတယ်လို့ သစ်တောဦးစီးဌာနမှ သိရပါတယ်။

မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင်က “မကွေးတိုင်းဒေသကြီး သစ်တောဦးစီဌာနက နည်းလမ်း (၈) ခုအသုံးပြုပြီး သစ်ပင် အစားထိုး စိုက်ပျိုးသွားမှာဖြစ်တယ်။ နိုင်ငံတော်ပိုင်စစိုက်ခင်း ထူထောင်ခြင်း၊ မိုးရာသီလူထု လှုပ်ရှားမှုဖြင့် စိုက်ပျိုးခြင်း၊ သဘာဝတော မြှင့်တင်စိုက်ပျိုးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုရအနေဖြင့် စိုက်ပျိုးခြင်း၊ စည်ပင်သာယာကော်မတီများ အစီစဉ်ဖြင့်စိုက်ပျိုးခြင်း၊ အစိုးရ မဟုတ်သော အဖွဲစည်းများ၏ အစီစဉ်ဖြင့် စိုက်ပျိုးခြင်း၊ ဒေသအစုဖွဲ့ပိုင် သစ်တော ထူထောင်ခြင်း၊ ပုဂ္ဂလိက စိုက်ခင်းထူထောင်ခြင်းတွေနဲ့ ၂ဝ၁၇ ခုနှစ်ကနေ စလို့ ၁ဝ နှစ်တာ အတွင်းကို မြန်မာနိုင်ငံ သစ်တောပြန်လည်ထူထောင်ရေး စီမံချက်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

မကွေးတိုင်းဒေသကြီး အတွင်းက ခရိုင်(၅)ခုဖြစ်တဲ့ မကွေးခရိုင်အတွက် ပျိုးပင်ပေါင်း ၂ဝဝဝဝဝ၊ ပခုက္ကူခရိုင်အတွက် ပျိုးပင်ရေ ၂ဝဝဝဝဝ၊ မင်းဘူးခရိုင်အတွက် ပျိုးပင်ရေ ၁ဝဝဝဝဝ၊ သရက်ခရိုင်အတွက် ပျိုးပင်ရေ ၁၉၃၅၆၇ စုစုပေါင်း ပျိုးပင်ရေ ၈၉၇၅၆၇ ပင်တို့ကို ဖြန့်ဝေထားတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်ကလည်း မိုးရာသီ လူထုလှုပ်ရှားမှုအနေနဲ့ အစားထိုးပျိုးပင်ပေါင်း ၈၉၇၅၂၈ ပင် ဖြန့်ဝေ စိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။

သတင်း-မင်းထီး၊ ဓာတ်ပုံ-မကွေး သစ်တောဦးစီးဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013