DVB Logo
Home
မြန်မာသတင်း
ဒေါက်တာအေးမောင်အမှု တရားလိုပြရဲတပ်ကြပ်တဦးကို ထပ်မံစစ်ဆေး
DVB
·
July 9, 2018
ဒေါက်တာအေးမောင်အမှု တရားလိုပြရဲတပ်ကြပ်တဦးကို ထပ်မံစစ်ဆေး
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မှာကျင်းပခဲ့တဲ့ စာပေဟောပြောပွဲနဲ့ ပတ်သက်လို့ နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ အမှုရင်ဆိုင်နေရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ဇူလိုင် ၉ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးပါတယ်။

ဒီကနေ့ ရုံးထုတ်ဆေးခဲ့ရာမှာ တရားလိုဘက်က တရားလိုပြသက်သေရဲတပ်ကြပ်ကြီး ယဉ်လှကို ထပ်မံစစ်ဆေးခဲ့ပြီး မနက် ၁၀ နာရီကတည်းစစ်ဆေးခဲ့တာ နေ့လယ် ၂ နာရီကျော် လောက်မှာ စစ်ဆေးမှု ပြီးဆုံးခဲ့ပါတယ်။

ဒီကနေ့ စစ်ဆေးခံခဲ့ရတဲ့ ရဲအရာရှိ တရားလိုပြသက်သေကတော့ ဒေါက်တာအေးမောင် တို့ကို စွဲဆိုထားတဲ့ အမှု ၃မှုလုံးကို ဒီကနေ့ စစ်ဆေးခဲ့တာပါ။

ဒေါက်တာအေးမောင်ရဲ့ ရှေ့နေဦးအောင်ကျော်စိန်က “ဒေါက်တာအေးမောင်တို့မှာ စွဲဆိုထားတဲ့ အမှုသုံးမှုစလုံးမှာ တရားလိုအပါအဝင် တရားလိုပြသက်သေသုံးဦးလုံးကို စစ်ဆေးသွားပြီးဖြစ်ပေမယ့် အမှုအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်ကို ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။

ဒါပေမယ့် ဒေါက်တာအေးမောင်တို့ကို စွဲဆိုထားတဲ့ မတရားအသင်းဥပဒေပုဒ်မ ၁၇ /၁ နဲ့ စွဲဆိုထားရာမှာ ပါဝင်တဲ့ တရားလိုပြသက်သေ ၁၆ ဦးကို ဒီကနေ့ ရုံးမှာ ရုံးခေါ်သက်သေ ခေါ်ပေးဖို့ ရုံးတော်ကို လျှောက်ထားခဲ့ပါတယ်။

ဒေါက်တာအေးမောင်အမှုနဲ့ပတ်သက်လို့ တရားလိုတဦးဖြစ်တဲ့ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးကို အရင်ကရုံးထုတ်ခဲ့စဉ်မှာစစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ ရုံးချိန်းမှာတော့ တရားလိုပြသက်သေတဦး ဖြစ်တဲ့ ရဲအုပ်ခိုင်စိုးထွန်းကို စစ်ဆေးခဲ့တာပါ။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်လို့ နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) (ဂ) မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ ဖမ်းဆီးပြီး တရားစွဲထားတာဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013