
ရိုက်တာသတင်းထောက်တွေကို ဆက်လက်တရားစွဲဖို့ ဆုံးဖြတ်လိုက်တာဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးအတွက် အနှောင့်အယှက်တရပ် ဖြစ်တယ်လို့ အမေရိကန်သံရုံးက ဒီနေ့ ကြေညာပါတယ်။
ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှု စွပ်စွဲချက်နဲ့ ဆက်လက်တရားစွဲဆိုဖို့ တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်တာကိုလည်း များစွာ စိတ်ပျက်တယ်လို့ ဆိုပါတယ်။
သတင်းထောက်တွေကို သူတို့အလုပ် သူတို့ ပြန်လုပ်နိုင်ဖို့နဲ့ မိသားစုဝင်တွေနဲ့ ပြန်ဆုံစည်းနိုင်ဖို့အတွက် မြန်မာအာဏာပိုင်တွေ အနေနဲ့ ခွင့်ပြုပေးသင့်တယ်လို့လည်း ဆိုပါတယ်။
အလားတူ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်ကလည်း) ရိုက်တာ သတင်းထောက်တွေကို အခုလို တရားစွဲချက်တင်လိုတဲ့နေ့ဟာ သတင်းလွတ်လပ်ခွင့်အတွက် အမှောင်လွှမ်းတဲ့နေ့ဖြစ်တယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်လုံးကို နိုင်ငံတော်အစိုးရ လျှို့ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ဖမ်းဆီးစွပ်စွဲခံရတာ ၇ လပြည့်ဖို့ ရက်ပိုင်းအလိုမှာ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ စွဲချက်တင်လိုက်တာပါ။
နိုင်ငံတော်အစိုးရ လျှို့ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဟာ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ ကိုလိုနီခေတ်က ဥပဒေဖြစ်ပါတယ်။










