DVB Logo
Home
မြန်မာသတင်း
အက်ဖ်ဘီအိုင်စုံထောက်တဦး၏ မိသားစုနှင့် တာဝန်ကြား စွန့်စားခန်း ရုပ်ရှင် - Skyscraper (နမူနာ)
DVB
·
July 9, 2018
အက်ဖ်ဘီအိုင်စုံထောက်တဦး၏ မိသားစုနှင့် တာဝန်ကြား စွန့်စားခန်း ရုပ်ရှင် - Skyscraper (နမူနာ)
Donate to DVB

ဟောလိဝုဒ်အက်ရှင်ကား ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့်  Skyscraper အမည်ရတဲ့ ရုပ်ရှင်ကားကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ အမေရိကန်ဒါရိုက်တာ Rawson Marshall Thurber က သူကိုယ်တိုင်ရေးပြီး ကိုယ်တိုင် ပုံဖော်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်တဦးဖြစ်တဲ့ ဒွိန်းဂျွန်ဆင် (Dwayne Johnson) ကို အက်ဖ်ဘီအိုင် အေးဂျင့်ဟောင်း ဝေလ်ဆော်ယာ (Will Sawyer) အဖြစ် ရှုစားကြရမှာ ဖြစ်ပါတယ်။

သူဟာ တာဝန်ပေးချက်အရ တရုတ်နိုင်ငံကို ရောက်ရှိနေပြီး ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အအုံတခုရဲ့ လုံခြုံရေးကို တာဝန်ယူထားရတယ်။ နောက်ပြီး သူ့မှာ ရာဇဝတ်ပြစ်မှုနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ လူတယောက်ကိုလည်း ရှာဖွေရဖို့ ရှိနေတယ်။ အဲဒီအချိန်မှာ အဆောက်အအုံကို အကြမ်းဖက်သမားတွေက ရုတ်တရက် မီးရှို့ဖျက်ဆီးပြီး သူ့ရဲ့ဇနီးနဲ့ ကလေးတွေ အတွင်းမှာ ပိတ်မိနေချိန် ဘာတွေဆက်ဖြစ်လာမလဲ။ ဘယ်လို ကယ်တင်မလဲ။ သူ့ကိုပါ မီးလောင်နေတဲ့ အဆောက်အအုံထဲမှာ ပိတ်မိအောင် အကွက်ကျကျ ထောင်ချောက်ဆင်ခံရချိန်မှာ ဘယ်လို ရုန်းထွက်မလဲ ဆိုတာတွေကို ရှုစားကြရမှာပါ။

ဒွိန်းဂျွန်ဆင်ဟာ သိပ်မကြာသေးခင်ကမှ ရုံတင်ပြသခဲ့ပြီး လူကြိုက်များခဲ့တဲ့ Rampage ရုပ်ရှင်ကားမှာလည်း ပါဝင်ခဲ့တာဖြစ်ပြီး ဒီကားထဲမှာတော့ ကနေဒီယန်မင်းသမီး နိဗ်ကမ့်ပ်ဘဲလ် (Neve Campbell)၊ စင်ကာပူမင်းသား ချင်ဟန် (Chin Han)၊ ဒိန်းမတ်မင်းသား ရိုလန် မိုလာ (Roland Møller) တို့နဲ့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။

ဇာတ်လမ်းထဲမှာ ကြမ်းတမ်းတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေနဲ့ အပြန်အလှန် ကစားပြောတာတွေ ပါဝင်နေတာမို့ ဒီကားကိုတော့ အသက် ၁၃ နှစ်အောက် ကလေးတွေကို မိဘအုပ်ထိန်းသူမပါဘဲ မကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားတာပါ။

ဒီရုပ်ရှင်ကားကို အမေရိကန်ဒေါ်လာ ၉၃ သန်း အကုန်အကျခံ ရိုက်ကူးထားတာဖြစ်ပြီး Box Office မှာတော့ ပြသမယ့် ပထမသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၂ သန်းကနေ သန်း ၄ဝ ကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁ဝ၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇူလိုင် ၁၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013