DVB Logo
Home
မြန်မာသတင်း
အလယ်တန်းကျောင်းခွဲ ပြောင်းရွှေ့သည့်အပေါ် ကျောင်းသားမိဘများ မုံရွာမြို့တွင် ဆန္ဒပြ
DVB
·
July 9, 2018
အလယ်တန်းကျောင်းခွဲ ပြောင်းရွှေ့သည့်အပေါ် ကျောင်းသားမိဘများ မုံရွာမြို့တွင် ဆန္ဒပြ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဆင်ရောက်ကုန်းကျေးရွာမှာ ၆၃ နှစ်ကြာ ဖွင့်လှစ်လာခဲ့တဲ့ အလယ်တန်းကျောင်းကို တိုင်းအစိုးရအဖွဲ့က ဒေသခံတွေရဲ့ သဘောထားမပါဘဲ ပြောင်းရွှေ့ခဲ့လို့ ကျောင်းသားမိဘ ၁၂ဝ လောက်က ဒီမနက် မုံရွာမြို့မှာ ထပ်မံလာရောက် ဆန္ဒပြခဲ့ကြပါတယ်။

ကျောင်းပြောင်းရွှေ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်းပညာရေးဌာနရဲ့ အကြောင်းကြားစာကို ပြန်လည်ပယ်ဖျက်ပေးဖို့၊ မူလနေရာမှာပဲ ကလေးတွေ ဆက်လက်ပညာသင်ခွင့်ရရှိဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကလည်း ဒီပဲယင်းမြို့ပေါ်မှာ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ပါသေးတယ်။

ဆင်ရောက်ကုန်းကျေးရွာက အငြိမ်းစားကျောင်းဆရာ ဦးကျော်စိုးက “ကျနော်တို့ကို တွေ့ဆုံညှိနှိုင်းတာလည်း မရှိဘဲနဲ့ နှစ်ပေါင်း ၆၃ နှစ်ကြာ ဖွင့်လာတဲ့ ကျောင်းကို ပေ ၁ဝဝဝ လောက်ဝေးတဲ့ တနယ်ရွာကို ပြောင်းတာ။ အဓိကက ချောင်းခြားနေတယ်။ ၂၆ ရက် ၆ လ ၂ဝ၁၈ ခုနှစ်ရက်စွဲနဲ့ ပညာရေးဌာနကနေ ကျောင်းပြောင်းဖို့ စာထွက်တယ်။ ဘာကြောင့် ပြောင်းရတယ်။ ဘာဖြစ်လို့ဆိုတာမျိုးလည်း မရှိဘူး။ အဲဒီအတွက် ကျောင်းသား/ ကျောင်းသူ ၆၂ ယောက်ရဲ့ ပညာရေးအခက်အခဲတွေ တွေ့နေတယ်။ ရွာက ရပ်က ဘွဲ့ရလူငယ်တွေက သင်ပေးနေရတယ်။ ဒါကြောင့် မူလနေရာမှာ ကျောင်းပြန်ဖွင့်ပေးဖို့ တောင်းဆိုရတာပါ”လို့ ပြောပါတယ်။

အဆိုပါကျောင်းကို ပြောင်းရွှေ့ဖို့ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက် နေ့က စစ်ကိုင်းတိုင်ဒေသကြီး အစိုးရရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပညာရေးဌာနကနေ ကျောင်းပြောင်းရွှေ့ရေး ပြန်လည်အကြောင်းကြားရတာဖြစ်တယ်လို့ တိုင်းပညာရေးမှူးရုံးက သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသားမိဘတွေကတော့ အခုလို ဆန္ဒပြတာအပြင် အစိုးရ အဖွဲ့ကို စာတင်ပြီး တောင်းဆိုထားတယ်လို့ဆိုပါတယ်။

ဆန္ဒပြတာ နှစ်ကြိမ်ရှိပြီဖြစ်ပေမယ့် ထူးခြားမှုတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ နောက်ထပ်လည်း မထူးခြားသေးရင် လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လက်လုပ် ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ ကျောင်းသားမိဘတွေက ဆင်ရောက်ကုန်းကျေးရွာ အလယ်တန်းကျောင်းခွဲ မပြောင်းရွှေ့ရေး၊ ဒေသခံပြည်သူတွေနဲ့ ညှိနှိုင်းခြင်းမရှိဘဲ ထုတ်ပြန် ထားတဲ့စာ ဖျက်သိမ်းပေးရေး၊ မူလနေရာမှာ ဆက်လက် ပညာသင်ကြား ခွင့်ရရှိရေး စတဲ့ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။

ဒါ့အပြင် ကျောင်းသားကလေးတွေကို ငဲ့ညှာတဲ့အနေနဲ့ ပြန်လည်သုံးသပ်ပေးဖို့ကိုလည်း ကျောင်းသားမိဘတွေက တောင်းဆိုခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013