DVB Logo
Home
မြန်မာသတင်း
ဝက်နားရွက်ပြာရောဂါဖြင့် သေဆုံးသည့်ဝက်သားများ ရောင်းချမှုမရှိစေရန် ရှောင်တခင်စစ်ဆေး
DVB
·
July 9, 2018
ဝက်နားရွက်ပြာရောဂါဖြင့် သေဆုံးသည့်ဝက်သားများ ရောင်းချမှုမရှိစေရန် ရှောင်တခင်စစ်ဆေး
Donate to DVB

ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားပြီး သေဆုံးခဲ့တဲ့ ဝက်တွေရဲ့ အသားတွေ ရောင်းချမှု ရှိမရှိကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့၊ မြို့မစည်ပင်ဈေးထဲက  ဝက်သားဆိုင်တွေမှာ ထွေ/အုပ် စားသုံးသူရေးရာ စည်ပင်ကော်မတီ စည်ပင်သာယာ မွေး/ကု ပူးပေါင်းအဖွဲ့က ဒီကနေ့မနက် ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။

အင်းတော်မြို့နယ် စားသုံးသူရေးရာဌာန ဦးစီးမှူးဦးကြည်နိုင်ဦးက “ဝက်နားရွက်ပြာ ရောဂါဖြစ်ပွားမှု လျင်မြန်စွာ ကူးစက်မှုကြောင့် ဝက်များ သေဆုံးမှု များနေပါတယ်။ အသားတွေ ရောင်းချရာမှာ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေဖို့ လုပ်ငန်းရှင်မှာ တာဝန်ရှိတယ်။ သန့်ရှင်းအသား ရောင်းချဖို့ ဝက်သားအရောင်းဆိုင်ပိုင်ရှင်တွေကို အသိပေး ဆွေးနွေးတယ်။ မုန့်ဆိုင်တွေကို တားမြစ် စားသောက်ကုန်တွေ မရောင်းချဖို့ စစ်ဆေးပညာပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

အင်းတော်မြို့နယ်၊ မဲဇာကျေးရွာရှိ ဝက်မွေးမြူသူ နှစ်ဦးရဲ့ ရောဂါဖြစ်နေတဲ့ ဝက်တွေကနေ နမူနာရယူကာ မန္တလေး တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ဝက်နားရွက်ပြာပိုး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

မဲဇာ၊ နန့်သဲ၊ အောင်မင်္ဂလာ၊ နားနောင်၊ သောင်ကြီး၊ ညောင်ကုန်း၊ နောင်ကွတ်၊ ညောင်ပင်ဆိပ် ကျေးရွာတွေမှာလည်း  ဝက်နားရွက်ပြာ ရောဂါဖြစ်ပွားနေပေမယ့် လူတွေကိုတော့ ကူးစက်တာ မရှိသေးပါဘူး။

အင်းတော်မြို့နယ်၊ မဲဇာ-နန့်သဲဒေသမှာ ဝက်နားရွက်ပြာရောဂါ အများဆုံးဖြစ်ပွားနေပြီး ဝက်အကောင်ရေ ရာဂဏန်းထိ သေဆုံးနေတာကြောင့် သေဆုံးဝက်သားတွေ  ရောင်းချမှုမရှိစေဖို့ သက်ဆိုင်ရာက ရှောင်တခင် ဝင်ရောက် စစ်ဆေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013