DVB Logo
Home
မြန်မာသတင်း
မြန်မာ့ငြိမ်းချမ်းရေး အကူညီပေးနေမှုကိစ္စရပ်များ မြန်မာဒုသမ္မတနှင့်တရုတ် ဆွေးနွေး
DVB
·
July 9, 2018
မြန်မာ့ငြိမ်းချမ်းရေး အကူညီပေးနေမှုကိစ္စရပ်များ မြန်မာဒုသမ္မတနှင့်တရုတ် ဆွေးနွေး
Donate to DVB

ဒုသမ္မတ ဦးမြင့်ဆွေဟာ တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ အတွင်းရေးမှူးချုပ်ရုံးရဲ့ အတွင်းရေးမှူးနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကဏ္ဍမှာ အကူညီပေးနေမှုအခြေနေနဲ့ နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးတို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေဟာ တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ အတွင်းရေးမှူးချုပ်ရုံးရဲ့ အတွင်းရေးမှူးနဲ့ ဗဟိုကော်မတီ၏ပြန်ကြားရေးဌာနဝန်ကြီး H.E. Mr. Huang Kunming ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို မနေ့ညနေပိုင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ ရွှေစံအိမ်ဟိုတယ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကူညီပေးနေမှု အခြေအနေ၊ မြန်မာနဲ့ တရုတ်နိုင်ငံတို့အကြား မီဒီယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်တွေ၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးကဏ္ဍတို့ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်တင်၊ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013