DVB Logo
Home
မြန်မာသတင်း
အင်းလေးကန်တွင် ပိုးသတ်ဆေးကြောင့် ရေသယံဇာတများ ပျက်စီးနေ
DVB
·
July 9, 2018
အင်းလေးကန်တွင် ပိုးသတ်ဆေးကြောင့် ရေသယံဇာတများ ပျက်စီးနေ
1 / 2
Donate to DVB

အင်းလေးကန်မှာ ရေသယံဇာတတွေ ပျက်စီးလာတာကြောင့် စိုက်ပျိုးရေး လုပ်ငန်းကိုင်နေသူတွေ စားဝတ်နေရေး ခက်ခဲလာနေတယ်လို့ Save The Inle Lake အင်းလေး တောင်သူခြံ လယ်သမားအဖွဲ့က ပြောပါတယ်။

စိုက်ပျိုးရေးမှာ အသုံးပြုတဲ့ ပိုးသတ်ဆေးကြောင့်လည်း အင်းလေးကန်ရဲ့ ရေထု အရည်အသွေးကို ကျဆင်းလာပြီး ကန်အတွင်းမှာရှိတဲ့ ရေနေသတ္တဝါတွေ သေဆုံးတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အစိုးရက ဆောင်ရွက်နေတဲ့ အင်လေးကန် ထိန်းသိမ်းရေးနဲ့ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းတွေဟာ ဒေသခံပညာရှင်တွေနဲ့ ပူးပေါင်းမှုမရှိတာကြောင့် အောင်မြင်မှု ၂၀ ရာခိုင်နှုန်း လောက်သာ ရှိတယ်လို့ အင်လေးတောင်သူခြံ လယ်သမားအဖွဲ့ အထွေထွေအတွင်းရေးမှူး ကိုခင်မောင်လတ်က ပြောပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး စိုင်းရှဲန်တစ်လုံကတော့ အင်းလေးကန် ဇုန်ဝင်ကြေးတွေကနေ ရရှိတဲ့ အခွန်ငွေထဲက ၆ ရာခိုင်နှုန်းလောက်ကို အင်လေးကန် ပြုပြင်ထိန်းသိမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် အသုံးပြုတယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မှာရှိတဲ့ အင်းလေးကန်ကို အမှီပြုပြီး  မြို့ပေါ်ရပ်ကွက် ၈-ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ၃၆-အုပ်စု၊ ကျေးရွာပေါင်း ၄၄၆ ရွာ၊ လူဦးရေပေါင်း ၁၈၆ဝဝဝ ကျော် မှီတင်းနေထိုင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013