DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် မြေပြိုပြီး လမ်းပိတ်နေ
DVB
·
July 9, 2018
ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် မြေပြိုပြီး လမ်းပိတ်နေ
1 / 3
Donate to DVB

ကရင်ပြည်နယ်၊ ဒေါနတောင်တန်း၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ် ကီလိုမီတာ ၁၅၄ လောက်မှာ ဒီကနေ့ မနက် အစောပိုင်းက သဘာဝတောင် မြေပြိုကျမှု ဖြစ်ပွားနေပါတယ်။   

မြေပြိုကျပြီး လမ်းပိတ်နေတာကြောင့် မြန်မာ-ထိုင်းနယ်စပ် ခရီးသွားလာသူတွေ၊ စီးပွားရေးသမားတွေ၊ ကုန်ပစ္စည်း တင်ပို့တင်သွင်းသူတွေအတွက် လမ်းပန်းဆက်သွယ်ရေး ကြန့်ကြာခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

လမ်းခရီး မကြာခင် ပြန်လည်ကောင်းမွန်သွားစေဖို့အတွက် မြဝတီမြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ အာရှလမ်း တာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးဟာ နေ့စဉ် ကားကြီး ကားငယ် အသွားအလာ ယာဉ်အစီးရေ သောင်းနဲ့ချီ ဖြတ်သန်းသွားလာနေတဲ့ ကရင်ပြည်နယ်ထဲက အကောင်းဆုံးလမ်း တလမ်း ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ- ဖိုးစီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013