DVB Logo
Home
မြန်မာသတင်း
ဆီအုန်းစီမံကိန်းကြောင့် မြေသိမ်းခံရသည့်တောင်သူများ တနင်္သာရီတွင် ဆန္ဒထုတ်ဖော်
DVB
·
July 8, 2018
ဆီအုန်းစီမံကိန်းကြောင့် မြေသိမ်းခံရသည့်တောင်သူများ တနင်္သာရီတွင် ဆန္ဒထုတ်ဖော်
1 / 3
Donate to DVB

ဆီအုန်းစီမံကိန်းကြောင့် မြေသိမ်းဆည်းခံထားရတဲ့တောင်သူတွေ ဇူလိုင် ၈ ရက်နေ့က တနင်္သာရီမြို့နယ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၆ ရွာမှ မြေသိမ်းခံတောင်သူတွေဟာ တနင်္သာရီမြို့ပေါ်ကို ရောက်ရှိလာပြီး သိမ်းဆည်းခံထားရတဲ့မြေတွေကို နိုင်ငံတော် မူဝါဒနဲ့အညီ အမြန်ဆုံးဖြေရှင်းပေးရေး၊ ရွာမြေ နယ်နိမိတ်တွေ ဖော်ဆောင်ပေးရေး၊ ဒေသခံတောင်သူတွေ မြေပိုင်ဆိုင်မှုရရှိရေး၊ စားကျက်မြေတွေ ဖော်ထုတ်ပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ မြို့ထဲ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲကိုဦးဆောင်သူ တားပလပ်ကျေးရွာနေ ဦးဂျွန်မောင်မောင်က “တနင်္သာရီမြို့နယ် အတွင်းက တားပလပ်၊ ရှမ်းအင်းတော်၊ ရေဖြူ၊၊ ကော့ယွန်း၊ ထုံခါ၊ ချောင်းလမု စတဲ့ကျေးရွာ ၆ ရွာက ဒေသခံတောင်သူတွေက ရွှေကမ္ဘောဇ ဆီအုန်းကုမ္ပဏီရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရ တယ်။ အဲဒီရွာ ၆ ရွာမှာလူဦးရေ ၄ ထောင်ကျော်၊ အိမ်ထောင်စု ၁၀၀၀ ကျော်လာက်ရှိတယ်။ တောင်သူတွေရဲ့ ဥယျာဉ်ခြံတွေကို ခုတ်လှဲကြတယ်၊ စက်ယန္တရားတွေနဲ့ ဖျက်ဆီးပြီး လာရောက်သိမ်းဆည်းကြတယ်။ ကုမ္ပဏီတာဝန်ခံအဆင့်ကနေ အောက်ခြေ၀န်ထမ်းအဆုံး ရွာသူ/သားတွေကို ရန်သူလိုပြုမှုတယ်။ သူတို့မှာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြောတယ်။ ကျနော်ကိုယ်တိုင်ကြုံတွေ့ရတာပါ။ ဒါကို ကျနော်တို့အနေနဲ့ နိုင်ငံတော်အကြီးအကဲတွေနဲ့ နိုင်ငံသူ/သားများအားလုံးသိရှိစေဖို့ ဆန္ဒထုတ်ဖော်ကြတာပါ” လို့ ဆိုပါတယ်။

ဆီအုန်းစီမံကိန်းကြောင့် တနင်္သာရီမြို့နယ်အတွင်း ဒေသခံတွေ မြေယာအများအပြား သိမ်းဆည်းခံထားရပြီး အခုဆန္ဒထုတ်ဖော်မှုမှာ ပထဆုံးဖြစ်တယ်လို့ သိရပါတယ်။

“ကျနော် ရှမ်းအင်းတော်ကို ပညာရေးဝန်ထမ်းအဖြစ်နဲ့ ရောက်ရှိလာတာက ၁၉၉၁ ခုနှစ် မှာ၊ ကမ္ဘောဇဆီအုန်းက ၁၉၉၈ ခုနှစ်မှရောက်လာတာပါ။ အဲဒီမှာတောင်သူတွေ စိုက်ထားတဲ့ အပင်တွေကို ဖျက်ဆီးကြတယ်၊ မြေတွေကို သိမ်းတယ်။ ကျနော်တို့ဘာမှ နစ်နာကြေးလည်း မရကြပါဘူး။ မြို့နယ်အဆင့်ကနေ နိုင်ငံတော်အဆင့်အထိ တင်ပြပေးပေမယ့် အခုထိဘာမှ လုပ်ဆောင်ပေးခြင်း မရှိသေးပါဘူး။ တောင်သူတွေက ကုမ္ပဏီကိုသွားပြောပေမယ့် ခြိမ်းခြောက် ခံရတယ်။ ကျနော်တို့ ဆုံးရှုံးသွားတဲ့မြေတွေ၊ အပင်တွေကို ပြန်လိုချင်ပါတယ်။ ဥပဒေနဲ့အညီ လုပ်ဆောင်နေခြင်းမဟုတ်တဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာပါ”လို့ ရှမ်းအင်းတော်ရွာမှ ဦးလှဌေးက ပြောကြားခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်မှုကို တရားဝင်ခွင့်ပြုချက်တင် ဆောင်ရွက်တာဖြစ်ပြီး ဗိုလ်ချုပ်ကြေးရုပ်မှ စတင်ကာ မြို့တွင်းလမ်းအတိုင်း ချီတက်ပြီး တနင်္သာရီမြို့နယ်ခန်းမရှေ့မှာ အဆုံးသတ်ကာ ဟောပြောတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013