
ဒလမြို့နယ်က သောက်ရေကန်တခုအတွင်းကနေ ငါးတွေ သေဆုံးနေလို့ ရေစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။
ဇူလိုင် ၇ ရက်နေ့ မနက် ၁၁ အချိန်လောက်က ဒလမြို့နယ်၊ ညောင်ကုန်းရပ်ကွက် မျက်ရှင်တော်ဆုတောင်းပြည့် မဟာသင်္ကြန်ဘုရားကြီးဝင်းအတွင်းရှိ သွပ်ဆူးကြိုးတွေ ကာရံထားတဲ့ (၃၇၅x၂၇၅x၁၃) ပေလောက် သောက်ရေကန်အတွင်းမှာ ငါးမြစ်ချင်း/ငါးသိုင်းခေါင်းပွ/ငါးကြင်း ၂၆ ကောင် သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
မြို့နယ်စည်ပင်သာယာရေသန့်ဌာနမှ လာရောက်စစ်ဆေးကာ ကန်ရေအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေသန့်ဌာန ဓာတ်ခွဲခန်းကို နမူနာပေးပို့ထားပြီး စစ်ဆေးနေချိန် အဆိုပါရေအား အသုံးမပြုဖို့ ခေတ္တပိတ်ထားကြောင်း သိရပါတယ်။











