DVB Logo
Home
မြန်မာသတင်း
သံဃာတော်များ၏ လိုင်စင်မဲ့ကားများ တရားဝင်ယာဉ်လိုင်စင်ရရှိရေး ဆွေးနွေး
DVB
·
July 8, 2018
သံဃာတော်များ၏ လိုင်စင်မဲ့ကားများ တရားဝင်ယာဉ်လိုင်စင်ရရှိရေး ဆွေးနွေး
Donate to DVB

မ​ကွေးတိုင်းဒေသကြီး ဂန့်​​ဂေါခရိုင်​ အတွင်းမှာရှိတဲ့ သံဃာ​တော်​အပါး ၁၀၀ ​ကျော်​ဟာ သံဃာ​တော်တွေ လက်​ဝယ်မှာ​ရှိတဲ့ ​လိုင်​စင်​မဲ့ကားတွေကို တရားဝင်​ ယာဉ်​လိုင်​စင်​ရရှိ​ရေး အတွက် ဇူလိုင် ၈ ရက်နေ့က ဂန့်ဂေါမြို့ သာသနာ့ဗိမာန်မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဂန့်​​ဂေါခရိုင်​အတွင်းမှာရှိတဲ့ ​ဆောမြို့နယ်​၊ ထီးလင်းမြို့နယ်​၊ ဂန့်​​ဂေါမြို့နယ်မှာရှိတဲ့ သံဃာ​တွေက မြို့နယ်​၊ ခရိုင်​၊ လွှတ်​​တော်​ကိုယ်​စားလှယ်​တွေနဲ့ နိုင်​ငံ​တော်​အဆင့်အထိ တင်​ပြဖို့အတွက်​ ​မေတ္တာရပ်​ခံချက်​ ၅ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

သံဃာ​တော်တွေ လက်​ဝယ်​မှာရှိတဲ့ ​မော်​​တော်​ယာဉ်တွေကို သာသနာပြုကိစ္စကြီးငယ်​ တွေမှာ သွားလာခွင့်ပြုပေးဖို့၊​ သံဃာ​တော်တွေအသုံးပြုတဲ့ ယာဉ်​​မောင်းကို ယာဉ်​​မောင်းလိုင်​စင်​ အလွယ်​တကူ ရရှိနိုင်ဖို့ ကူညီဆောင်ရွက်ပေးဖို့၊ သံဃာတော်တွေ အသုံးပြုနေတဲ့ လိုင်စင်မဲ့ယာဉ်တွေကို သက်သာတဲ့ နှုန်းထားနဲ့ သာသနာရေး လိုင်စင်ပြုလုပ်ပေးဖို့နဲ့ လက်ရှိ သုံးစွဲနေတဲ့ သံဃာတော်တွေရဲ့ ယာဉ်တွေကို ဆက်လက်သုံးစွဲခွင့်ပြုဖို့ ယာဉ်မောင်းလိုင်စင်ကို မြို့နယ်ထိ လာရောက်လုပ်ဆောင်ပေးဖို့ စတဲ့ အချက် ၅ ချက်ကို ဂန့်ဂေါခရိုင်အတွင်းက သံဃာတော်တွေက မေတ္တာရပ်ခံခဲ့ပါတယ်။

မ​ကွေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့အ​နေနဲ့ တရားဝင်​စာ မထုတ်​ပြန်ထား​​ပေမယ့် အမှန်​တကယ်​ အသုံးပြု​နေတဲ့ ပရဟိတ၊ လူမှုကူညီ​ရေး၊ သံဃာ​တော်တွေ စီး​နေတဲ့ ကားတွေ မဖမ်းဖို့ကို​ နှုတ်​မိန့်​နဲ့ အမှန်​တကယ်​ ညွှန်​ကြားထားတယ်​လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013