DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း ခရိုင် ၅ ခုတွင် ၁ နှစ်အတွင်း သစ်တန်ချိန် ၁၉၀၀ ကျော် ဖမ်းမိ
DVB
·
July 8, 2018
မကွေးတိုင်း ခရိုင် ၅ ခုတွင် ၁ နှစ်အတွင်း သစ်တန်ချိန် ၁၉၀၀ ကျော် ဖမ်းမိ
Donate to DVB

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၅ ခရိုင်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တရားမဝင် သစ်တန်ချိန် ၁၉၀၀ ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။

"တိုင်းဒေသကြီးအတွင်းမှာ တရားမဝင် သစ်ဖမ်းဆီးရမိရေးအတွက် မကွေးတိုင်း ဒေသကြီး သစ်တောဦးစီး ဌာနဆိုတဲ့ (Network) ထောင်ထားပြီး သတင်းပေးတိုင်ကြားနိုင်ရန် ဖုန်းနံပါတ်ပါ ထည့်ပေးထားတယ်။ ဒေသခံပြည်သူတွေ စောင့်ကြည့်သတင်းပေးစနစ်တခု ထောင်ထားတယ်။ သတင်းပေးတွေအနေနဲ့ သစ်ခိုးထုတ် သယ်ယူနေတာကို ဓာတ်ပုံရိုက် တိုင်ကြားနိုင်သလို မှန်ကန်မှုရှိဖို့လည်း လိုအပ်ပါတယ်။ အမည်မဖော်လိုရင်၊ တယ်လီဖုန်း နံပါတ်ဘဲ မှတ်ထားပေးတယ်။ ပြည်သူပူးပေါင်းပါဝင်တော့ အလုပ်လုပ်ရတာ ပိုအဆင်ပြေတာ ပေါ့” လို့ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင်က ပြောပါတယ်။

တရားမဝင်သစ်တွေကို ဂန့်ဂေါခရိုင်က ၃၅၂.၅၁၄၃ တန်၊ ပခုက္ကူခရိုင်က ၄၀၄.၅၄၇၄ တန်၊ သရက်ခရိုင်က ၆၃၄.၂၆၀၆ တန်၊ မင်းဘူးခရိုင်က ၃၉၀.၀၄၇၅ တန်နဲ့ မကွေးခရိုင် အတွင်းက ၁၆၉.၄၅၆၅ တန် စုစုပေါင်း တရားမဝင်သစ်တန်ချိန် ၁၉၅၀.၈၂၆၃ တန် ဖမ်းဆီးရမိခဲ့ပြီး ကျွန်းသစ်၊ အခြားသား၊ ခွဲသားနဲ့ သစ်လုံးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါတရားမဝင် သစ်များဖမ်းဆီးရမိရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့သူတွေ ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုဆုငွေတွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013