DVB Logo
Home
မြန်မာသတင်း
ကာမိုင်း-ဖားကန့် ကားလမ်း ရေကျော်၊ ခရီးသည်တင်ကားများ သွားလာမှု ရပ်တန့်ထား
DVB
·
July 8, 2018
ကာမိုင်း-ဖားကန့် ကားလမ်း ရေကျော်၊ ခရီးသည်တင်ကားများ သွားလာမှု ရပ်တန့်ထား
Donate to DVB

ကချင်ပြည်နယ် ကာမိုင်း-ဖားကန့်သွား ကားလမ်းရေကျော်တာ ပိုမိုဆိုးရွားလာနေတဲ့ အတွက် ခရီးသည်တင်ကားတွေကို သွားလာမှုရပ်တန့်ထားတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

ဇူလိုင် ၇ ရက်နေ့ မနက် ၉ နာရီလောက်က ကာမိုင်း-ဖားကန့် ကားလမ်းမကြီးပေါ် ကာမိုင်းမြို့ မအူပင်ကျေးရွာကြား ၆ မိုင် ကားလမ်းပေါ်မှာ ၃ ပေကျော်လောက် ရေမြင့်တက် လာပြီး ကားလမ်းအရှည်ပေ ၁ ထောင် ကျော်လောက်ကို ရေလွှမ်းခဲ့တာပါ။

ကာမိုင်း-ဖားကန့် ကားလမ်းမပေါ်ကို ဇူလိုင် ၄ ရက်က စတင် ရေကျော်လာခဲ့ပြီး ရေစတင်ကျော်တဲ့နေ့က အနက် ၁ ပေလောက်နဲ့ ပေ ၂ဝဝ ကျော်ထိသာ ရေဖုံးလွှမ်းခဲ့ပါတယ်။

ကားလမ်းပေါ် ရေလွှမ်းမိုးနေတဲ့အတွက် ၆ ဘီးကားတစီး လမ်းမှားမောင်းမိကာ လမ်းချော်တိမ်းစောင်းသွားခဲ့ပါတယ်။

အခုကားလမ်းရေကျော်မှုမှာ အထက်ဘက်မိုးရွာသွန်းမှုမှ နန့်ကောင်းချောင်းရေ မြင့်တက်လာတာကြောင့်ဖြစ်ပြီး ကာမိုင်းမြို့မှာ ဇူလိုင် ၂ ရက်မှ ၇ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုမရှိဘဲ ရေလျော့ကျနိုင်မယ့် အခြေအနေမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကာမိုင်းဒေသခံ ဒေါ်ဝေဝေအောင်က “အခုတော့ ရေက ၆ လက်မကနေ ၁ ပေလောက်အထိ ကျသွားပြီ။ ကားလေးတွေကတော့ သွားလို့မလွယ်ဘူးပေါ့။ ထွန်စက်လိုကားကြီးတွေနဲ့ ဆွဲပြီးတော့ သွားနေရတယ်။ လဝါးနဲ့ ကာမိုင်းကြားက ကျွန်းတောဆိုတဲ့ နေရာမှာလည်း ကားလမ်းရေကျော်တာ ရှိတယ်။ သွားလို့တော့ ရပါတယ်” လို့ ဇူလိုင် ၈ ရက် နေ့လယ်မှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013