DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းနှင့်သက်ကြီးရွယ်အိုစောင့်ရှောက်ရေး တာဟန်းစင်တာ နေရာအခက်ကြုံ
DVB
·
July 8, 2018
မသန်စွမ်းနှင့်သက်ကြီးရွယ်အိုစောင့်ရှောက်ရေး တာဟန်းစင်တာ နေရာအခက်ကြုံ
Donate to DVB

မသန်စွမ်းတွေ၊ မိဘမဲ့ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မူးယစ်ဆေးဖြတ်သူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ကလေးမြို့နယ်က တာဟန်းစင်တာမှာ နေစရာ အခက်အခဲတွေ ရှိနေပါတယ်။

သတ်မှတ်လူဦးရေထက် ပိုမိုများလာတာကြောင့် နေထိုင်စရာ အခက်အခဲနဲ့ ကြုံတွေ့နေရတာပါ။

တာဟန်းစင်တာမှာ လူမျိုးဘာသာ မခွဲခြားဘဲ တိုင်းရင်းသားပေါင်းစုံကို လက်သင့်ခံ စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။

ကလေးမြို့နယ် ဒိုးဝိုင်းချောင်းကျေးရွာမှာ ၂ဝ၁၈ ခုနှစ် မတ်လ ၃ ရက်နေ့က ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး လူ ၁၅ဝ လောက်သာ လက်သင့်ခံနိုင်တာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာ လူ ၂၄ဝ လောက်အထိ စောင့်ရှောက်ပေးနေရပါတယ်။

အထူးသဖြင့် မူးယစ်ဆေးဝါးဖြတ်တဲ့သူတွေ ပြန်လည်ကျန်းမာရေးအတွက် ကူညီစောင့်ရှောက်ပေးရတာ ပိုများလာတယ်လို့ အသင်းက ပြောပါတယ်။

မူးယစ်ဆေးဖြတ်ချင်သူတွေကို နီးစပ်ရာဆေးရုံတွေကို ပို့ဆောင်ပေးနေသလို ကျွေးမွေးပြုစု စောင့်ရှောက်ပေးတယ်လို့ သိရပါတယ်။

စေတနာ့ဝန်ထမ်းတွေအပြင် လူနာဟောင်းတွေကလည်း ပူးပေါင်း စောင့်ရှောက်ပေးနေသလို စေတနာရှင်ပြည်သူတွေက စုပေါင်းလှူဒါန်းမှုတွေနဲ့ ရပ်တည်နေတယ်လို့ ဆိုပါတယ်။

လယ်ယာတွေငှားရမ်းပြီး ၁ ဧကသတ်မှတ်သွင်းနှုန်းကို ပုံမှန်သွင်းနေကာ ပိုလျှံတဲ့ စိုက်ပျိုးသီးနှံတွေနဲ့ စုပေါင်းချက်ပြုတ် စားသောက်ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013