DVB Logo
Home
မြန်မာသတင်း
ချမ်းအေးသာစံမြို့နယ်တွင် တရုတ်နိုင်ငံသူတဦးထံမှ လုယက်သူကို ဖမ်းဆီး
DVB
·
July 8, 2018
ချမ်းအေးသာစံမြို့နယ်တွင် တရုတ်နိုင်ငံသူတဦးထံမှ လုယက်သူကို ဖမ်းဆီး
Donate to DVB

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်မှာ တရုတ်နိုင်ငံသူ ၁ ဦးထံကနေ လုယက်သူအား ဖမ်းဆီးအရေးယူခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ချမ်းအေးသာစံမြို့နယ်၊၂၈x၂၉ လမ်းကြား၊ ၇၃ လမ်းမှာ ဇူလိုင်လ ၅ ရက် ည ၁၁ နာရီလောက်က တရုတ်နိုင်ငံသူ Mrs. Zhang Demei (၃၆) နှစ်ဟာ ခင်ပွန်း Mr. Li Lin (၄၁) နဲ့အတူ တည်းခိုတဲ့ Grand Central ဟိုတယ်ကို လမ်းလျှောက်ပြန်လာစဉ် မင်းဆက်သာ(ခ) ဆက်လင်းမောင် ၂၁ နှစ်က ဆိုင်ကယ်နဲ့ နောက်ကနေ Mrs. Zhang Demei လွယ်ထားတဲ့ စလင်းဘက်အိတ်အား လုယူခဲ့တာပါ။

ဖြစ်စဉ်နဲ့ပတ်သက်ပြိး Mrs. Zhang Demei က တိုင်တန်းခဲ့တာကြောင့် မင်းဆက်သာ (ဖမ်းမိ) အား ချမ်းအေးသာစံမြို့မရဲစခန်းက (ပ)၄၁၇/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၃ (လုယက်မှုကျူးလွန်ရန် အားထုတ်မှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013