Home
မြန်မာသတင်း
ရွှေတိဂုံစေတီ ဓာတ်လှေကားချို့ယွင်းပါက ကူညီကယ်ဆယ်ရေး အမြန်လုပ်နိုင်ရေး လေ့ကျင့်
သူဇာလင်း
·
July 8, 2018
36763410_1994145643942869_5803403442927960064_n
ရွှေတိဂုံစေတီတော်မှာရှိတဲ့ ဓာတ်လှေကားတွေ စက်ချို့ယွင်းမှု ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးတွေကို အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့အတွက် လက်ရှိမှာ ဓာတ်လှေကားမောင်းနှင်သူတွေကို ကြိုတင်လေ့ကျင့်ပေးတာတွေကို လုပ်ဆောင်နေပါတယ်။ အခုလို လေ့ကျင့်ပေးတာကိုတော့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ နဲ့ မစ်ဆူဘီရှီ ကုမ္ပဏီက ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။ လစဉ်လုပ်ဆောင်သွားမှာဖြစ်ပြီး ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ နှစ်ကြိမ်လုပ်ဆောင်သွားမှာပါ။ ပြီးခဲ့တဲ့ မေလတုန်းက အရှေ့ဘက် ဓာတ်လှေကား ရုတ်တရက် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့တဲ့အတွက် ပြည်သူတွေ ဓာတ်လှေကားထဲ ၁ နာရီနီးပါး ပိတ်မိခဲ့တာကြောင့် အခုလို လေ့ကျင့်တာတွေ လုပ်ဆောင်ခဲ့ရတာလို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ပြောပါတယ်။ လက်ရှိ ရွေှ့တိဂုံစေတီတော်ရဲ့ တောင်ဘက်မုခ်၊ အရှေ့ဘက်မုခ်နဲ့ မြောက်ဘက်မုခ် ဓာတ်လှေကားတွေ တပ်ဆင်ပေးထားပြီး ဘုရားဖူးပြည်သူတွေတွေအနေနဲ့ အခုလို ပြဿနာတွေမဖြစ်ပေါ်အောင် စည်းကမ်းတကျစီးနှင်းဖို့လည်း လမ်းညွှန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024