DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၂၇ ဦးရှိပြီ
DVB
·
July 8, 2018
ရခိုင်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၂၇ ဦးရှိပြီ
Donate to DVB

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၂၇ ဦးအထိရှိပြီး ရောဂါ ဖြစ်ပွားသူ ၂၅၉၂ ဦးရှိခဲ့ပါတယ်။

ဒီနှစ်မှာ သွေးလွန်တုပ်ကွေးရောဂါ ပိုမိုကျဆင်းနိုင်ရေး ရခိုင်ပြည်နယ်အနှံ့ အရှိန်ဟုန်မြှင့် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်သူ့ကျန်းမာရေးဌာနက ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်က “ရခိုင်ပြည်နယ်မြို့နယ် အသီးသီးမှာ ရောဂါကုသရေးနည်းတွေ၊ ရောဂါကွယ်တဲ့ နည်းတွေ ကျန်ာတို့ ပို့ချသွားမှာ ဖြစ်ပါတယ်။ ကာကွယ်နှိမ်နင်းရေးထဲမှာ အုပ်ချုပ်ရေးမှူးတွေပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေပါတယ်။ အစိုးရအဖွဲ့ဝန်ကြီးတွေ ပါပါတယ်။ သူတို့ရဲ့ညွန်ကြားချက်တွေနဲ့ ကျနော်တို့ ရခိုင်ပြည်နယ်အနှံ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဇူလိုင် ၆ ရက်နေ့က ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနရုံးမှာ ပြုလုပ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း အရှိန်ဟုန်မြှင့်ဆောင်ရွက်ရေး ပြည်နယ်အဆင့် ဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာပါ။

ဌာနဆိုင်ရာတွေအပါအဝင် ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှသာလျှင် သွေးလွန်တုပ်ကွေး ရောဂါနှိမ်နင်းရေး အစီစဉ်အောင်မြင်လိမ့်လို့ နေပြည်တော်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေမှူး ဒေါက်တာဇော်လင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း အများဆုံးဟာ သံတွဲမြို့နယ် ဖြစ်ပြီး ဒုတိယမှာ စစ်တွေနဲ့ တောင်ကုတ်မြို့နယ်တွေဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးဟာ ရိုးရိုးတုပ်ကွေးလား၊ သွေးလွန်တုပ်ကွေးလားဆိုတာကို အမြန်ဆုံးကုသနိုင်ဖို့ လူနာကို ဆေးရုံဆေးခန်းကို မြန်မြန်ပို့ပေးဖို့လိုတယ်လို့ ပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်သူ့ကျန်းမာရေးဌာနက ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်က “ရိုးရိုးတုပ်ကွေးလား၊ သွေးလွန်တုပ်ကွေးလား၊ သွေးလွန်တုပ်ကွေးမှာမှ အန္တရာယ်ရှိနိုင်တဲ့ သွေးလွန်တုပ်ကွေးလားဆိုတာ ကျနော်တို့ သိအောင်လုပ်ရမယ်။ တကယ်လို့ အန္တရာယ်ရှိတယ်လို့ လက္ခဏာတွေ ပေါ်လာရင် ဆေးရုံးဆေးခန်းတွေကို မြန်မြန်လူနာကိုပို့ရမယ်။ ဆေးရုံဆေးခန်းမှာလည်း လူနာကို ထိထိရောက်ရောက် ဆေးကုသပေးဖို့” လို့ ပြောပါတယ်။

၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင်လအထိ မြန်မာနိုင်ငံတဝှမ်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၅ဝဝဝ ကျော်ရှိနေပြီး သေဆုံးသူ ၃၁ ဦးရှိတယ်လို့ ဒေါက်တာဇော်လင်းကပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် မြန်မာနိုင်ငံတလွှား သွေလွန်တုပ်ကွေးဖြစ်ပြီး သေဆုံးသူ ၁၉ဝ ကျော်ရှိခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၁၂ဝဝ ကျော်ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013